ဇာတ်ကားများ ရွေးရန်

Toxic Desire: Addiction

2014ဇာတ်ကားWeb-dl 1080p

18+ တွေပါလို့ မိသားစုနဲ့အတူတူမကြည့်သင့်ပါ တစ်ဖန်တင်ဆက်ပေးချင်တဲ့ရုပ်ရှင်ဇာတ်ကားလေးကတော့နာမည်ကြီးစိတ်ရောဂါအထူးကုဒေါက်တာဂျွန်ဆန်းဟာ လူနာတွေကိုကုသတဲ့နေရာမှာတော်ပြီးနာမည်ကြီးပေမဲ့ အတိတ်ကစိတ်ဒဏ်ရာတစ်ခုနဲ့အတူအိပ်မပျော်တဲ့ရောဂါပါအချိန်အကြာကြီးခံစားခဲ့ရသူတစ်ဦးပါ။ အကြောင်းမှာတော့ လွန်ခဲ့တဲ့သုံးနှစ်အမျိုးသမီးဖြစ်သူ rapeလုပ်ခံရပြီး သူ့ရှေ့မှာပဲအဆုံးစီရင်သွားတာကြောင့် အပြစ်မကင်းစိတ်တွေနဲ့သူ့အမှားလို့ခံယူပြီးနာကျင်ကြေကွဲနေခဲ့ရတာပါ။ ဒါပေမဲ့တစ်ရက်‌မှာတော့ဆေးခန်းကိုလာပြတဲ့ မိန်းမ‌လှလေးဂျီဆူဟာ အိပ်မပျော်တဲ့ရောဂါရှိသလို သူနဲ့တွဲတဲ့ယောက်ျားတိုင်းတစ်ယောက်ပြီးတစ်ယောက်သေဆုံးနေတာကြောင့် စိတ္တဇဖြစ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကွင်းဆက်လူသတ်မှုတွေဖြစ်ပေါ်နေပြီး အသတ်ခံရသူတွေက ဂျီဆူနဲ့ပတ်သက်ဖူးသူတွေချည်းဖြစ်နေတဲ့အခါ စုံထောက်တွေကလည်းသင်္ကာမကင်းဖြစ်နေခဲ့ကြပါတယ်။ ဒီလိုနဲ့အိပ်မပျော်နိုင်တာကိုကုသဖို့ရောက်လာရင်း စိတ်ဒဏ်ရာတူသူနှစ်ဦးတွယ်ငြိသွားပါတော့တယ်။ ဂျီဆူကိုချစ်မိသွားတဲ့ဂျွန်ဆန်းဟာ ထူးဆန်းတဲ့နောက်ကွယ်ကအမှန်တရားကိုစုံစမ်းဖို့လုပ်ရင်း ချစ်ရသူကိုလည်းကာကွယ်ဖို့‌လုပ်ပါတော့တယ်။ စိတ်ရောဂါကုထုံးတွေနဲ့စစ်ဆေးကြည့်ရာက ဂျီဆူရဲ့စိတ်ဒဏ်ရာက ဘယ်လောက်ထိနက်ရှိုင်းနေမလဲ။အတိတ်ကဘယ်လိုအဖြစ်ဆိုးတွေနဲ့ပတ်သက်နေမလဲ။ကွင်းဆက်လူသတ်သမားနဲ့ရော ဘယ်လိုပတ်သက်မှုရှိနေမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုဖို့ ပြန်လည်တင်ဆက်လိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း