ဇာတ်ကားများ ရွေးရန်

Novoland: Trace of the Dragon

2024ဇာတ်ကားWeb-dl 1080p

တရုတ်သိုင်း စုံထောက်ကား‌ေတွကို ကြိုက်နှစ်သက်သူ‌ေတွအတွက် ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Novoland အမည်ရ သိုင်းစာအုပ်ကိုပြန်လည်ရိုက်ကူးထားတဲ့ အမည်တူ Novoland ဇာတ်ကားပဲဖြစ်ပါတယ်။ နန်ဟွိုင်းမြို့က ယွင်ကျန်းတို့ဆရာတပည့်နှစ်ယောက်ဟာ သူတို့နဲ့ မရင်းနှီးတဲ့ သူဌေးအိမ်တစ်အိမ်ကနေ ပွဲတော်တစ်ခုအတွက် ဖိတ်စာရရှိခဲ့ပြီး စားကောင်းသောက်ဖွယ်တွေ အရက်တွေကို အလကားစားရမှာဖြစ်တာကြောင့် ပွဲတော်ကို သွားခဲ့ကြတယ်။ ပွဲတော်ဟာ အသုဘအခမ်းအနားတစ်ခုဖြစ်ပြီး မန္တာန်ရွတ်ဖတ်ပူဇော်တာတွေလည်းပါတယ်။ အသုဘကျင်းပနေရာကနေ အ‌လောင်းဟာထလာပြီး သူဌေးကြီးကို သတ်လိုက်တယ်။ သုံးသွားတဲ့လက်နက်ကလည်း ယွင်ကျန်းတို့ကိုင်တဲ့လက်နက်ဖြစ်နေတာမို့လို့ ယွင်ကျန်းတို့ဟာ အမှုပတ်ကာ မင်းသမီးဆီမှာ အဖမ်းခံလိုက်ရတယ်။ နန်ကျန်းမြို့မှာ လူတွေထူးဆန်းစွာသေနေပြီး ကြယ်လေးလုံးတန်းပြီမို့လို့ ကပ်ဘေးကြီးတစ်ခု ဆိုက်တော့မယ်လို့လည်း သတင်းတွေထွက်နေတယ်။ ချောက်ချခံရတဲ့ ယွင်ကျန်းတို့နဲ့ မင်းသမီးတို့ဟာ နောက်ပိုင်းမှာ အမှုကို အတူတူလိုက်ဖို့ဖြစ်လာတဲ့အခါ နောက်ကွယ်ကြိုးကိုင်နေတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ယွင်ကျန်းတို့နဲ့အတူ အဖြေရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း