ဇာတ်ကားများ ရွေးရန်

Golden Cane Warrior

2014ဇာတ်ကားBlu-ray 1080p

ရွှေလှံတံအိမ်တော်က အမျိုးသမီးသိုင်းဆရာကြီးက သူသတ်ခဲ့တဲ့သူတွေရဲ့ သားသမီး သုံးယောက်နဲ့ စွန်ပစ်ခံကလေးတစ်ယောက်ကို ခေါ်ယူမွေးစားပြီး သူတတ်တဲ့သိုင်းပညာတွေကို သင်ကြားပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ တောင်ပံနီအိမ်တော်က ကျင်းပတဲ့ သိုင်းပြိုင်ပွဲကို တပည့်ဖြစ်သူ ဘီရူနဲ့ ဂါဟာနာကို သွားရောက်လေ့လာခိုင်းပြီး အပြန်ညမှာ တပည့်လေးယောက်ကိုခေါ်ပြီး ၄ ယောက်ထဲက တစ်ယောက်ကို သူ့ရဲ့ ရွှေလှံတံကို အမွေပေးမယ့်အကြောင်းပြောပြီး သူ့အနေနဲ့ ဒါရာကို ပေးဖို့ စဉ်းစားထားကြေင်းပြောပါတော့တယ်။ အနက်ဖန်ကျရင် အဲဒီလှံတံကို ဘယ်လိုအသုံးပြုရမလဲဆိုတာ နေရာတစ်ခုကိုသွားပြီး သင်မှာဖြစ်တဲ့အတွက် ဒါရာနဲ့ အန်ဂင်ခေါ်သွားမှာမို့ သူပြန်မလာခင်အချိန်အထိ ရွှေလှံတံအိမ်တော်ကို စောင့်ရှောက်ထားဖို့ ဘီရူကို မှာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ ဘီရူဟာ လှံတံကိုလိုချင်တာကြောင့် ဆရာဖြစ်သူကို အဆိပ်ခတ်သတ်လိုက်ပြီး တောင်ပံနီအိမ်တော်ကို သွားပြီး သူ့ဆရာကို ဒါရာနဲ့အန်ဂင်က အဆိပ်ခတ်ပြီး သတ်သွားတဲ့အတွက်တောင်ပံနီအိမ်တော်မှာ ပူးပေါင်းခွင့်ပြုဖို့ပြောပါတော့တယ်။ တောင်ပံနီအိမ်တော်သခင်ကလည်း ရွှေလှံတံအိမ်တော်သခင်ကို လေးစားတာကြောင့် သူ့တပည့်ဖြစ်တဲ့ ဘီရူနဲ့ ဂါဟာနာကို လက်ခံလိုက်ပြီး ရွှေလှံတံကိုပြန်ယူဖို့ အကူအညီပေးမယ်ဆိုပြီး ပြောပါတယ်။ အဲဒီနောက်မှာတော့ ဘီရူနဲ့ ဂါဟာနာက ရွှေလှံတံကို ရယူဖို့ အသည်းအသန်ကြိုးစားရင် ဘယ်သူတွေကို ထပ်သတ်မလဲ ရွှေလှံတံကို တစ်ကယ်ပဲ ရယူနိုင်မလားဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုလိုက်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Than Htike Oo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း