The Banquet Or Party of a Wealthy Family
The Banquet (or) Party of a Wealthy Family ဟုလည်းလူသိများတဲ့ ဇာတ်ကားလေးကတော့ ၁၉၉၁ခုနှစ်ထွက် ဟောင်ကောင် ဟာသရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၁ခုနှစ် ဇူလိုင်လ ယန်ဇီမြစ်ရေလျှံမှုကြောင့် လူပေါင်း ၁၇၀၀ကျော် သေဆုံးခဲ့ပြီး တရုတ်ပြည်မကြီးရဲ့ အရှေ့ဘက်နှင့် တောင်ပိုင်းဒေသမှာနေထိုင်သူ အများအပြားဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာကြောင့် ဟောင်ကောင်ရေဘေးကယ်ဆယ်ရေး ပရဟိတရန်ပုံငွေအတွက် သရုပ်ဆောင်ပေါင်းများစွာပူးပေါင်းပါဝင်ပြီး အမြန်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ပင်လယ်ကွေ့စစ်ပွဲအပြီး ကူဝိတ်မင်းသားအလီဘာဘာထံမှ ကူဝိတ်နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် တစ်ဘီလီယံကျော်တန်ဖိုးရှိတဲ့ သဘောတူညီချက်စာချုပ်ကို အရယူရန် အပြိုင်အဆိုင်ကြိုးစားနေတဲ့ စီးပွားရေးသမားတစ်ဦးဟာ သူ့ရဲ့ ပွေလီရှုပ်ထွေးတဲ့ အကြံအစည်တွေကို ဘယ်လိုကြံစည်ပြီး ဘယ်လိုတွေတလွဲလုပ်မလဲဆိုတာ ဟာသနှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း