ဇာတ်ကားများ ရွေးရန်

Dog Man

2025ဇာတ်ကားWeb-dl 1080p

ရဲအရှိတစ်ယောက်နဲ့သူ့ရဲ့သစ္စာရှိခွေးလေးဂရိတ်တို့ဟာ ကြောင်ဆိုးတစ်ကောင်ကိုဖမ်းဆီးရင်းနဲ့ ကားမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ ခွေးလေးဂရိတ်ကိုတော့ ကယ်တင်နိုင်ခဲ့ပေမဲ့ အရာရှိကိုတော့မကယ်နိုင်ခဲ့ကြပါဘူး။ အဲဒီ့ကနေမှ ခွေးရဲ့ဦးခေါင်းနဲ့ လူရဲ့ခန္ဓာကိုယ်တို့ကိုပေါင်းစပ်ပြီး ခွေးလူသားလေးဖန်တီးလိုက်ပါတယ်။ ခွေးလူသားလေးရဲ့လူထုအကျိုးပြုလုပ်ငန်းတွေလုပ်ကိုင်ရင်းနဲ့ တစ်နေ့မှာလမ်းဘေးကြောင်လေးတစ်ကောင်ကို ကားတိုက်မလိုဖြစ်တာကိုမြင်ပြီး ကယ်တင်ခဲ့ပါတယ်။ သွားစရာမရှိတဲ့စွန့်ပစ်ကြောင်လေးကို သနားစိတ်ဝင်ပြီးအိမ်ခေါ်လာမိပါတော့တယ်။ သူခေါ်လာမိတဲ့ကြောင်လေးရဲ့ပိုင်ရှင်ဟာ မထင်မှတ်ထားတဲ့သူဖြစ်နေတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲ။ ကိုယ်ချစ်ရတဲ့သူအန္တာရာယ်ကြုံလာတဲ့အခါ ရန်သူနဲ့လဲမိတ်ဆွေဖွဲ့နိုင်တဲ့ ဇာတ်ဝင်ခန်းလေးကတော့ ရင်ထဲအထိဆုံးပါပဲ။ ကာတွန်းကားတစ်ကားကပေးမဲ့ဘဝသင်ခန်းစာ၊ အတုယူစရာတွေကို လက်မလွှတ်ချင်ရင်တော့ သေချာပေါက်ကြည့်သင့်တဲ့ကာတွန်းဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yuri ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း