ဇာတ်ကားများ ရွေးရန်

Love Me

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်ဇာတ်လမ်းကတော့ ဆန်းတယ်လို့ဆိုရပါမယ်။ နှစ်သန်းပေါင်းများစွာကုန်ဆုံးပြီး ကမ္ဘာပျက်ကပ်ဆိုက်လို့ လူသားမျိုးနွယ်တွေ မျိုးတုန်းသွားတဲ့အချိန် ကမ္ဘာပေါ်ကျန်ခဲ့တဲ့ ဉာဏ်ရည်ရှိ ဗော်ယာနဲ့ အာကာသထဲကဂြိုလ်တုတို့ အွန်လိုင်းမှာ ချိတ်ဆက်မိပြီး လူသားတွေရဲ့ နေထိုင်မှုပုံစံ၊ ဘဝနဲ့ အချစ်ကို နားလည်ဖို့ သင်ယူလေ့လာတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ ‌ဗော်ယာက အင်တာနက်ကတစ်ဆင့် လူသားတွေအကြောင်း ရှာဖွေပြီး သူ့ကိုယ်သူ မီ(Me) ဂြိုလ်တုကို အိုင်အမ်(Iam)လို့ သတ်မှတ်လိုက်ပါတယ်။ မီက သူသဘောကျတဲ့ ဘလော့ဂါစုံတွဲ ဒေဂျာနဲ့လီယံတို့ရဲ့ ဗီဒီယိုတွေကိုကြည့်ပြီး သူတို့အတိုင်း လိုက်လုပ်ဖို့ ကြိုးစားပါတယ်။ ဉာဏ်ရည်မြင့်တဲ့ AI နည်းပညာသုံး စက်ပစ္စည်းနှစ်ခုက လူသားခံစားချက်တွေကို နားလည်ပြီး ဆင့်ကဲပြောင်းလဲသွားကာ ဘဝတစ်ခု အတူတည်ဆောက်ကြပုံကို ရှုစားရမှာပါ။ Me အဖြစ် Kristen Stewart နဲ့ Iam အဖြစ် Steven Yeun တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း