ဇာတ်ကားများ ရွေးရန်

A Trip Elsewhere

2024ဇာတ်ကားWeb-dl 1080p

၂၀၁၉-၂၀၂၀ နောက်ပိုင်း တစ်ကမ္ဘာလုံး Covid-19 ဒဏ်ခံစားရတဲ့ကာလမှာ လူတိုင်းလိုလိုဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ဝေဒနာပေါင်းစုံကို ခံစားခဲ့ကြရတာပါ။ ဒီရုပ်ရှင်ကတော့ အဲဒီကာလကြီးကို ကျောရိုးတည်ပြီး ပြဿနာမျိုးစုံနဲ့ စိတ်မွန်းကျပ်နေကြတဲ့ လူ ၄ ယောက်ရဲ့စိတ်ထွက်ပေါက်ရှာပုံကို ဟာသနဲ့ဒရာမာနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မိဘနှစ်ပါးကိုဆုံးရှုံးပြီး ကပ်ရောဂါကာလကြောင့် မွေးကင်းစသမီးလေးနဲ့ပါ ခွဲနေရတဲ့ ဆိုရီနာ... ရည်းစားနဲ့ကွဲပြီး အထီးကျန်မွန်းကျပ်နေတဲ့ အေမီ... အကြွေးပတ်လည်ဝိုင်းနေရတဲ့ကြား ကိုဗစ်ကာလမှာ အလုပ်တွေမဖြစ်မြောက်တာကြောင့် ပီဇာလိုက်ပို့ နေရတဲ့ လန်နီ.... လူတွေနဲ့ခပ်ကင်းကင်းနေတတ်ပြီး အပြင်ပန်းမှာ ခက်ထန်သလောက် အတွင်းမှာကြိတ်ပြိုလဲနေရတဲ့ ဒေးလ်.... တစ်နေ့မှာတော့ အကြောင်းကိစ္စတွေ တိုက်ဆိုင်ပြီး ကိုယ့်ဒုက္ခတွေနဲ့ကိုယ် ပြိုလဲနေကျတဲ့ သူတို ၄ ဦးဟာ အေမီရဲ့အိမ်မှာ မထင်မှတ်ဘဲ ဆုံရဖို့ဖြစ်လာပါတယ်။ အဲဒီအခါမှာ ‌မွန်းကျပ်နေတဲ့သူတိုရဲ့စိတ်တွေကို ထွက်ပေါက်ပေးဖို့အတွက် ဆေးချမိရာကနေ ဆေးလွန်ပြီး စိတ်ကူးနဲ့လက်တွေ့ ရောထွေးကုန်ပါတယ်။ အဲဒီကနေ စိတ်ကူးယဉ်ကမ္ဘာတွေထဲ လွင့်မျောသွားကြပြီး သူတိုရဲ့မသိစိတ်ကဖြစ်လာတဲ့ နောင်တတရားတွေ စိတ်ဒဏ်ရာတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ သူတိုရဲ့စိတ်ဒဏ်ရာတွေ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဆေးလွန်နေတဲ့သူတွေအနေနဲ့ မသိစိတ်က လိုရာစွဲဖန်တီးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးထဲက လွတ်မြောက်နိုင်လာပါ့မလားဆိုတာကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစားရင်း ကြည့်ကြရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း