ဇာတ်ကားများ ရွေးရန်

Marco

2024ဇာတ်ကားWeb-dl 4K SDR

Rating 7.2/10 အထိရရှိထားတဲ့အိန္ဒိယလက်စားချေအက်ရှင်ဇာတ်ကြမ်း ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ အက်ဒစ်တူမိသားစုက ကာရာလာပြည်နယ်က ရွှေရောင်းဝယ်ရေးမိသားစုများထဲမှ အကျော်ကြားဆုံးမိသားစုတစ်စုဖြစ်ပါတယ်။ မမျော်လင့်တဲ့အဖြစ်အပျက်တစ်ခုက အက်ဒစ်တူမိသားစုဆီကို တုန်လှုပ်ခြောက်ခြားစရာ ရောက်ရှိလို့လာပါတယ်။ အဲဒါကတော့မိသားစုထဲက အငယ်ဆုံးညီဖြစ်သူက လူမဆန်စွာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတာပါ။ အိမ်ထောင်ဦးစီးအစ်ကိုကြီးဖြစ်သူ ဂျော့က ညီဖြစ်သူသေဆုံးမှုအတွက် အမှန်တရားကိုဖော်ထုတ်ရန်စုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ မိသားစုထဲက မွေးစားသားဖြစ်သူ မာကိုကလည်း သူ့နည်းသူဟန်နဲ့ မတရားမှုရဲ့တရားခံကိုရှာဖွေဖော်ထုတ်ဖို့ ကြိုးစားပြန်ပါတော့တယ်။ ကြမ်းကြမ်းတမ်းတမ်းနဲ့သွေးသံရဲရဲ တိုက်ခိုက်ထိုးကြိတ်ခန်းများများနဲ့ လုံးဝကို မပျင်းရစေတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းစောင့်ကြည့်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း