ဇာတ်ကားများ ရွေးရန်

Srikakulam Sherlock Holmes

2024ဇာတ်ကားWeb-dl 1080p

မေလ ၂၁ ရက်နေ့မှာ မေရီဆိုတဲ့ကောင်မလေး ဗီဇက်ကမ်းခြေမှာအသတ်ခံခဲ့ရတယ်။ လူထုနဲ့မီဒီယာတွေရဲ့ဖိအားပေးမှုနဲ့ စီအိုင်ဘက်စကာက သတင်းထောက်တစ်ယောက်ကိုစိန်ခေါ်ပြီး လူသတ်သမားကို ၁ပတ်အတွင်းဖမ်းနိုင်ဖမ်း မဟုတ်ရင် အလုပ်ထွက်မယ်လို့ကတိပေးလိုက်တယ်။ အဲဒီမှာစီအိုင်ဘက်စကာက မေရီရဲ့အမှုကို ရှီကာကူလမ်ရှားလော့ဟုမ်းဆိုတဲ့ ပုဂ္ဂလိကစုံထောက်ဆီလွှဲပြောင်းပေးလိုက်ပြီး အမှုကိုဖြေရှင်းဖို့တစ်ပတ်အချိန်ပေးလိုက်တယ်။ ဟုမ်းဟာ ရဲမေလက်ရှမီရဲ့အကူညီနဲ့ စုံစမ်းစစ်ဆေးပြီး ဒီအမှုမှာသံသယရှိသူ ၇ယောက်ပါဝင်နေတာကို သိလိုက်ရတယ်။ အဲဒီထဲမှာ ဖုန်းရုံဆိုင်ပိုင်ရှင်၊ မိဘမဲ့ဂေဟာက စေတနာ့အကျိုးဆောင်၊ အလုပ်ဆိုင်းငံ့ခံထားရတဲ့ရဲအရာရှိ၊ ဂျာစီဆိုတဲ့အမျိုးသမီးတစ်ဦးနဲ့ တံငါသည် ၃ဦးတို့ပါဝင်ပါတယ်။ မေရီ့ကိုသတ်ခဲ့တဲ့ တရားခံက ဒီ ၇ယောက်ထဲမှာပါလား၊ ဟုမ်းက ဒီအမှုကိုဘယ်လိုဖြေရှင်းမှာလဲနဲ့ ဟုမ်းတစ်ယောက် စုံထောက်ဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေကို စိတ်ဝင်စားဖို့ကောင်းအောင် ဟာသနှောပြီးရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း