Outlaw
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့က ဖာဗယ်လာဆိုတဲ့ ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒုစရိုက်မှုတွေ ဆေးအရောင်းအဝယ်သမားတွေနဲ့ မကောင်းမှုတွေကြီးစိုးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဖြစ်ရပ်မှန်တွေနဲ့ Number One ဆိုတဲ့စာအုပ်ကို မှီငြမ်းထားပြီး လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့မိန်းမဖြစ်လာတဲ့ ရေဘက်ကာရဲ့ဘဝအကြောင်းကို ရှုစားရမှာပါ။ ကိုးနှစ်အရွယ်မှာ ဆေးသမားအဘွားကနေ သူဆေးဝယ်တဲ့ဂိုဏ်းဆီ ရောင်းစားခံရတဲ့ ရေဘက်ကာဟာ ငယ်ငယ်တည်းက မသမာမှုတွေ ကိုကိန်းတွေ ဆေးခြောက်တွေနဲ့ မစိမ်းပါဘူး။ သူ့ကိုမွေးစားထားတဲ့ ခေါင်းဆောင်အာမိုရိုဆိုက ပညာသင်ပေးပြီး သူ့လုပ်ငန်းမှာ ခိုင်းစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရေဘက်ကာတစ်ယောက် အချစ်နဲ့တွေ့သွားပြီး သူတို့အသိုင်းအဝိုင်းမှာလည်း ခေါင်းဆောင်အပြောင်းအလဲတွေ၊ သစ္စာဖောက်တာတွေနဲ့ ကြုံရတာကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ မက္ကဆီကိုတို့ လက်တင်အမေရိကတို့က မူးယစ်ဂိုဏ်းတွေ crime တွေနဲ့မတူတဲ့ vibe နဲ့ action တွေကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း