The Rage Or Rabies
ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ IMDb-6.1 လောက်ရှိတဲ့ ရုရှားစကားပြော Thriller/ Suspense ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ‘အီဂေါ’က သားဖြစ်သူ ‘ဗော့ကာ’ မူးယစ်ဆေးပြတ်စေဖို့အတွက် သူတို့ရဲ့ မွေးရပ်ဇာတိမြေ ရွာလေးတစ်ရွာကို ပြန်လာခဲ့ကြတယ်။ အစီအစဉ်ကတော့ အဲ့ရွာက သူ့သူငယ်ချင်းဆီမှာတစ်ညနားပြီး နောက်တစ်နေ့မနက် တိုင်ဂါက ဆောင်းခိုအိမ်မှာ သားအဖနှစ်ယောက်တည်း အေးဆေးလေးသွားနေမလို့ပါပဲ။ အေးဆေးဆိုပေမယ့် ‘ဗော့ကာ’က ယင်းထလာတဲ့အခါ အခြေအနေတော်တော်ဆိုးလို့ သူငယ်ချင်းအိမ်မှာ သံကြိုးနဲ့တောင် ခတ်ထားရတဲ့အခြေအနေပါ။ ဖအေလုပ်သူကိုလည်း “သူတောင်းစားကြီး မျိုးမစစ်ကြီး” ဘာညာနဲ့မိုးမွှန်အောင်ဆဲတာ။ ဒါပေမဲ့နောက်တစ်နေ့မနက် သူတို့ထွက်သွားကြမယ်လို့ပြင်ခါမှ သတင်းရတာက ဝံပုလွေတွေသောင်းကျန်းပြီး နေ့ခင်းကြောင်တောင် လူတွေကိုတိုက်ခိုက်၊ အူထုတ်ပြီးဗိုက်ဖောက်စားတဲ့အခြေအနေ ရောက်လို့ ရဲတွေကခြေချင်းလိမ်ပြီး ဘယ်ကိုမှထွက်မရဖြစ်နေပါတော့တယ်။ နောက်မှသိလိုက်ရတာက တောထဲက ဝံပုလွေတွေဆီမှာ အုပ်စုလိုက်ကြီးခွေးရူးပြန်ရောဂါကူးစက်ပျံ့နှံ့နေတယ်ဆိုတာပါပဲ။ သားလုပ်တဲ့လူက အသိစိတ်မကပ်တော့တာမှ ဝံပုလွေနဲ့အီဂေါ တိုက်ရယ်ခိုက်ရယ်ဖြစ်ရင်တောင် ဝံပုလွေဘက်ကနေ လက်ခုပ်လက်ဝါးတီးပြီး အားပေးနေတဲ့လူပါ။ အဲဒီသားအဖနှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း