ဇာတ်ကားများ ရွေးရန်

Carbon Copy

1981ဇာတ်ကားBlu-ray 1080p

တစ်ချိန်က နာမည်ကျော်မင်းသားကြီးနှစ်လက် ပါ၀င်ထားတဲ့ ဒရမ်မာဇာတ်မြူးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ နှစ်တွေဘယ်လောက်ကြာကြာ အခုထိ‌ မရိုးအီနိုင်ဘဲ ကြည့်လိုကောင်းနေဆဲ... အဟောင်းထဲက တကယ့်ဇာတ်လမ်းကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဝေါလ်တာဟာ ကုမ္ပဏီကြီးတစ်ခုရဲ့ အမှုဆောင်အရာရှိဖြစ်ပြီး ရွှေပုံပေါ်ထိုင်နေရသူလို အများကမြင်ကြသူတစ်ယောက်ပါ။ တကယ်တမ်းတော့ သူ့ဘ၀ဟာ ထိန်းချုပ်လွန်းတဲ့ ကုမ္ပဏီပိုင်ရှင် ယောက္ခထီးကြီးနဲ့ အခြေကြီးတဲ့ရွှေမင်းသမီးလို ဇနီးသည်ရဲ့ ရုပ်သေးရုပ်သာသာပါပဲ။ တစ်နေ့တော့ သူ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲသွားစေမဲ့သူ‌ ပေါ်လာပါတယ်။ အဲဒါကတော့ ရော်ဂျာဆိုတဲ့ အသက် ၁၇ နှစ်အရွယ် လူမည်းကောင်လေးပါပဲ။ ရော်ဂျာဟာ ဝေါလ်တာနဲ့ သူ့ရဲ့ငယ်ကျွမ်းဆွေဖြစ်တဲ့ လရိန်းတိုကရတဲ့ သားပါ။ ဝေါလ်တာကိုယ်တိုင်က သူ့ရှေ့ကို ရော်ဂျာရောက်လာတော့မှ ဒီအဖြစ်ကိုသိခဲ့ရပြီး လရိန်းလည်း ကွယ်လွန်သွားခဲ့ပါပြီ။ ရော်ဂျာရောက်လာချိန်ကစလို ဝေါလ်တာဘ၀ဟာ မုန်တိုင်းထန်တော့တာပါပဲ။ မိန်းမနဲ့ယောက္ခမရဲ့ပညာပေးမှုကြောင့် ဝေါလ်တာတစ်ယောက် ကုမ္ပဏီအမှုဆောင်လူကြီးဘ၀ကနေ ကုန်းကောက်စရာမရှိတဲ့ ဘ၀ ရောက်သွားပါတယ်။ အဲဒီနောက်ပိုင်း ဝေါလ်တာနဲ့ရော်ဂျာတိုသားအဖ ဘယ်လို၀ရုန်းသုန်းကားတွေ ဆက်ဖြစ်ကြမလဲ၊ နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲလုပ်ကြမလဲဆိုတာကို ဒရာမာလေးခပ်ပါးပါးနှောပြီး ရယ်ရွှင်စရာကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှိမှ ခင်ချင်ကြတဲ့ လူတွေရဲ့အကြောင်းနဲ့ အဲဒီခေတ်က လူတန်းစားခွဲခြားမှု အခြေအနေကို မီးမောင်းထိုးပြထားတာမို တွေးစရာလည်းပါသလို ပေါ့ပေါ့ပါးပါးနဲ့ ‌အတော်ကြည့်ကောင်းတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း