ဇာတ်ကားများ ရွေးရန်

One Win

2023ဇာတ်ကားWeb-dl 1080p

ကျောင်းတုန်းက ဘော်လီဘောကစားသမားဟောင်းဖြစ်တဲ့ ဂင်ဝူဂျင်ဟာ အသက်ကြီးလို့ နည်းပြလုပ်တဲ့အချိန်ထိကို ဘဝမှာ ဘာမှဖြစ်မြောက်အောင်မြင်ခဲ့တာမျိုးမရှိပါဘူး။ ဘယ်လောက်အခြေအနေ ဆိုးလဲဆို သူဖွင့်နေတဲ့ ကလေးဘော်လီဘောသင်တန်းပါ ပိတ်လိုက်ရပါတယ်။ အဲဒီလိုဖြစ်နေတုန်းမှာပဲ သူ့ဆီကို မိန်းကလေးဘော်လီဘောအသင်းတစ်သင်းရဲ့ နည်းပြလုပ်ပေးဖို့ လာငှားပါတယ်။ အဲဒီဘော်လီဘောအသင်းရဲ့ပိုင်ရှင်အဟောင်းက ဝယ်သူအသစ်ဆီ ရောင်းလိုက်တာဖြစ်ပြီး တစ်သင်းလုံးမှာ တစ်ယောက်တည်းပါတဲ့ တော်တဲ့ကစားသမားကပါ တခြားအဖွဲ့ကိုပြောင်းသွားလို့ အဖွဲ့စိတ်ဓာတ်ပျက်ပြားပြီး ဖြစ်ချင်ရာဖြစ်နေကြတာပါ။ ဒီအဖွဲ့ရဲ့ ပိုင်ရှင်အသစ်က ဂင်ဝူဂျင်ကို တစ်ပွဲနိုင်ရင်ရပြီဆိုတဲ့ ကတိကဝတ်နဲ့ စာချုပ်ချုပ်ပြီး စလေ့ကျင့်ခဲ့ရပါတော့တယ်။ နည်းပြကိုပါမလေးစား၊ ဗရုတ်သုတ်ခ တစ်ယောက်နဲ့တစ်ယောက်မတည့်ကြတဲ့ အဖွဲ့ကို ဂင်ဝူဂျင်တစ်ယောက် ဘယ်လိုထိန်းသွားရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း