Sector 17
ဂါဒစ်ဆင်းက သူ့သားလေးကို မြေကွက်တစ်ခုအမွေပေးချင်တော့ ကြိုးကြိုးစားစားအလုပ်လုပ်ရှာတယ်။ တစ်နေ့ သူ့အလုပ်ရှင်ကိုပြဿနာလာရှာတဲ့သူကို သတ်မိလိုက်တော့ အလုပ်ရှင်က ကျေးဇူးတင်ပြီး နယ်မြေ ၁၇ ကို ဂါဒစ်ဆင်းကိုအပိုင်ပေးလိုက်တယ်။ ဂါဒစ်လည်းဝမ်းသာအားရနဲ့ သူ့သားလေးကိုပြန်ပြီးအမွေပေးလိုက်တယ်။ တစ်ဖက်မှာ ပိုက်ဆံရရင်ဘာမဆိုလုပ်ပြီး လူသတ်ဖို့လည်းဝန်မလေးတဲ့တွန်ဒီလတ်က ဂါဒစ်ဆင်းကို သတ်ပြီး သူတို့မြေကိုလုယူလိုက်တယ်။ အဖေအသတ်ခံရလို့မကျေနပ်တဲ့ပါဂတ်က သူ့ကိုအရှင်ထားရင် တစ်နေ့ကျတွန်ဒီလတ်ဘဝကိုဖျက်ဆီးမယ့်အကြောင်း ကြိမ်းဝါးတယ်။ တွန်ဒီလတ်လည်း ပါဂတ်ကို ကလေးပဲလို့လျှော့တွက်ပြီးတော့ နောက် ၁၅ နှစ်ကြာတဲ့အခါ သူ့ဆီပြန်လာခဲ့လို့ပြောလိုက်တယ်။ ပါဂတ်လည်း သူ့အဖေကိုရက်ရက်စက်စက်သတ်ခဲ့တဲ့ တွန်ဒီလတ်ကိုလက်စားချေဖို့ ၁၅နှစ်လုံးကြိုးစားလာခဲ့တယ်။ ငွေအင်အား လူအင်အားပိုသာတဲ့ တွန်ဒီလတ်ကို ပါဂတ်တစ်ယောက် လက်စားချေပြီး သူ့မိသားစုဂုဏ်သိက္ခာကိုပြန်ဆယ်နိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်ထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း