ဇာတ်ကားများ ရွေးရန်

Solis

2018ဇာတ်ကားBlu-ray 1080p

အာကာသတွင်းထွက်ပစ္စည်းတူးဖော်မှုစစ်ဆင်ရေးတစ်ခုဟာ ပေါက်ကွဲမှုဖြစ်ပွားပြီး အာကာသယာဉ်ပေါ်မှာလူသေဆုံးမှုများပြားခဲ့ပါတယ်။ အဲဒီ့ယာဉ်ပေါ်မှာ ထရွန်ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ပျက်စီးသွားတဲ့ယာဉ်ဟာစက်ချို့ယွင်းမှုတွေများစွာဖြစ်နေပြီး အသက်ရှင်ဖို့ခက်ခဲတဲ့အရေးပေါ်အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။ ထရွန်ရဲ့အာကာသယာဥ်ဟာ တဖြည်းဖြည်းနဲ့ နေ ဆီကိုတိုက်ရိုက်ဦးတည်ပြီးအရှိန်ပြင်းပြင်းနဲ့ သွားနေတဲ့အခါမှာတော့ ထရွန်တစ်ယောက်အသက်ရှင်အောင်ဘယ်လိုရုန်းကန်မှုတွေပြုလုပ်ရမလဲ။ အာကာသထဲမှာမို့မထင်မှတ်ထားတဲ့အခြေအနေတွေကြားမှာ စက်ပစ္စည်းအလုံအလောက်မရှိမှုနဲ့ လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေဟာလဲ ချို့ယွင်းချက်တွေနဲ့ပြည့်နေတဲ့အခါမှာတော့ ထရွန်တစ်ယောက်နောက်ဆူံးအချိန်အထိတောင့်ခံထားနိုင်ပါ့မလား။ ထရွန်ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့မြေပြင်ထိန်းချုပ်ရေးစခန်းကရော ထရွန်ကိုကူညီကယ်ဆယ်ပေးနိုင်ပါ့မလားဆိုတာကို ရင်တမမစိတ်လှုပ်ရှားမှုအပြည့်နဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေရဲ့ ခက်ခဲကြမ်းတမ်းလွန်းပြီး အသက်နဲ့လောင်းကြေးထပ်ထားရတဲ့ စွန့်စားမှုတွေကိုလဲမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yuri ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း