ဇာတ်ကားများ ရွေးရန်

Harbin

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး Hyun Bin အဓိကပါဝင်ထားတဲ့ အန်ဂျောင်ဂွန်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ၁၉၀၅ခုနှစ်မှာ ဂျပန်က ကိုရီးယားကို အူလ်ဆာသဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အတင်းစေခိုင်းခံခဲ့ရပါတယ် အဲ့တာနဲ့ နိုင်ငံရဲ့ သံတမန်ရေးရာ အခွင့်အလမ်းတွေ ပိတ်ပင်ခံရပြီး ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးက ဂျပန်ကိုလိုနီလက်အောက်ကို ကျရောက်သွားခဲ့ရပါတယ် အန်ဂျောင်ဂွန်းဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က ကိုလိုနီအကြမ်းဖက် ဖိနှိပ်မှုရဲ့သင်္ကေတဖြစ်တဲ့ ဂျပန်အင်ပါယာရဲ့ ဧကရာဇ်ကို လုပ်ကြံဖို့ စီစဥ်ပါတော့တယ် အန်ဂျောင်ဂွန်က စစ်ဆင်ရေးမှာလိုအပ်တဲ့ အရာတွေကို ရုရှားနိုင်ငံအနှံ့သွားပြီး သတင်းအချက်အလက်နဲ့ ရဲဘော်တွေ စုဆောင်းခဲ့ပါတယ် လွတ်လပ်ရေးရဖို့အတွက် တိုက်ခိုက်ကြသူများရဲ့ ရဲစွမ်းသတ္တိနဲ့ ရည်မှန်းချက်အတွက် မကြောက်မရွံ့ အသက်ကို စတေးရဲတဲ့သတ္တိနဲ့ လုယူခံရတဲ့ အမိမြေပြန်ရဖို့ တိုက်ပွဲဆင်နွှဲသူများရဲ့ စိတ်ဓာတ်ကို လေးလေးစားစားနဲ့ ကြည့်ရှူရမှာဖြစ်ပြီး စိတ်ကျေနပ်မှုရရှိစေမယ့် ဖြစ်ရပ်မှန်ကားလေးတစ်ကားပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Myint Thuzar Lin ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း