ဇာတ်ကားများ ရွေးရန်

Marked Men

2025ဇာတ်ကားWeb-dl 1080p

မင်းသားမင်းသမီးတွေတင်မက တစ်ကားလုံး အချောအလှလေးတွေနဲ့ အချစ်ကားချိုချိုရိုရိုလေး ကြည့်ချင်ရင် ဒီကားကိုကြည့်။ ဒါရိုက်တာကလည်း The Notebook၊ She’s So Lovely နဲ့ John Q. တို့ကိုရိုက်ကူးခဲ့တဲ့ Nick Cassavetes….။ မင်းသားက Chase Stokes…။ မင်းသမီးက Sydney Taylor….။ အပြင်မှာမင်းသား မင်းသမီးက အသက် ၁၀ နှစ်ကျော်ကွာတယ် ဒါပေမဲ့ လိုက်တယ်။ ဇာတ်လမ်းအကျဉ်းကတော့- ‘ရှော’ဆိုတဲ့ ဆေးကျောင်းသူလေးက သူမသူငယ်ချင်းရဲ့အမြွှာညီအစ်ကို ‘ရူးလ်’ဆိုတဲ့ ကောင်လေးကို တစ်ဖက်သတ်ကျိတ်ချစ်နေတာ ငယ်ငယ်လေးကတည်းကပဲ။ ရူးလ်က ဆိုးတယ်။ ပွေတယ်။ ရူပါဖြောင့်တယ်။ အလုပ်အကိုင်က တက်တူးထိုးဆရာ။ သူနဲ့အတူအိပ်ချင်လို့ဆိုပြီး တက်တူးလာထိုးတဲ့ ကောင်မလေးတွေက တန်းစီလို့။ ဒီလိုနဲ့ တစ်ညတော့ ရှောကအရက်တွေမူး၊ ရူးလ်ကို သူမဘယ်လောက်ကြာအောင်ကျိတ်ချစ်ခဲ့ရတဲ့အကြောင်းတွေ ဖွင့်ပြောပစ်လိုက်ကာ “ဟင့်အင်း ဟင့်အင်း မပြန်ဘူး မပြန်ဘူး မူးနေလို့ကို မပြန်တာ”ဆိုပြီး ရူးလ်အိမ်မှာတစ်ခါတည်းညဝင်အိပ်။ ရူးလ်ကလည်း အဲ့ကျမှ ကောင်မလေးအကြောင်း ခေါင်းထဲကထုတ်မရတော့ဘူးဆိုပြီး ဖြစ်ပါလေရော။ ဒါပေမဲ့ ရူးလ်က အလံနီဗျား။ ရည်းစားလို့ခေါင်းစဉ်မတပ်ချင်ဘူး.. အတူအိပ်ချင်လားဆိုတော့ ရက်စ်ပါတဲ့။ အချစ်ရူးမလေး ရှောက ရူးလ်ဘာပြောပြော လက်ခံတယ်.. ချစ်တာကိုး။ ဒါပေမဲ့ တကယ်က ရှောမိသားစုက ချမ်းသာတယ်။ အိမ်ကသဘောတူထားတဲ့ကောင်လေးလည်းရှိတယ်။ ဒီတော့ ရှောနဲ့ ရူးလ်ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့မလား....။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း