ဇာတ်ကားများ ရွေးရန်

Anora

2024ဇာတ်ကားအမှတ် 8/10Web-dl 4K SDR

ထူးဆန်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ ပြောရမယ်ဆိုရင်တော့ လူကုံထံနဲ့ ကလပ်တွေကြားမှာ ဖြစ်ပျက်တတ်တဲ့ အရာမျိုးလေးတွေကို ပုံဖော်ထားတာ ဖြစ်ပါတယ် ပြည့်တန်ဆာတွေရဲ့ ဘဝဟာ ဘယ်လို အသုံးချခံလိုက်ရလဲဆိုတာကို ဒရာမာ ဆန်ဆန် ဖော်ပြထားတာပဲ ဖြစ်ပါတယ် အန်နီခေါ် အနိုရာဆိုတဲ့ ကောင်မလေးဟာ ကလပ်မှာ အလုပ်လုပ်တဲ့ ပြည့်တန်ဆာမလေးပါ တစ်နေ့မှာ ရုရှားသူဌေးသား ဗန်ညာနဲ့ တွေ့ပြီးတော့ သူဌေးသားက သူ့ကို တစ်ပတ်တာ ငှားလိုက်ပါတော့တယ် နောက်တော့ မူးရူးပြီး အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ သူဌေးသားဟာ အန်နီကို လက်ထပ်မယ်ဆိုပြီး ဖြစ်လာပါတော့တယ် ဒါပေမဲ့ တကယ်ပဲ အန်နီကို အတည်တကျ ချစ်လို့ လက်ထပ်ခဲ့တာလား ခဏတာ အပျော်သာယာ လက်ထပ်ပြီး ပြည့်တန်ဆာတို့ရဲ့ ပုံမှန်ဇာတ်သိမ်းမျိုးနဲ့ပဲ ဇာတ်သိမ်းသွားမလားဆိုတာ မိန်းမသားတွေရဲ့ ဘဝဟာ ငွေကြေးအာဏာတွေထဲ လှည့်စားခံလိုက်ရမလားဆိုတဲ့ အကြောင်းကို ပေါ်လွင်အောင် ရိုက်ပြထားတာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း