Duelist
ဒီဇာတ်လမ်းလေးကတော့ IMDb Rate 5.8 ရရှိထားပြီး တိုင်းပြည်ပျက်ကိန်းဆိုက်ရင် ငွေတုဖြန့်တဲ့သူ ပိုပေါလာတာ ဒီခေတ်မှာမှ မဟုတ်ဘဲ ဂျိုဆွန်းခေတ်မှာကတည်းက ရှိကြောင်းကို ဖော်ပြထားတဲ့ 2005ခုနှစ်ထွက် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ရဲမက်လေး နမ်ဆွန်း(Ha Ji Won)ဟာ သူ့ဆရာ(Ahn Sung Ki)နဲ့အတူ ငွေတုဖမ်းဆီးရေးအတွက် လိုက်လံစုံစမ်းကြတဲ့အခါမှာ ထိပ်သီးအရာရှိတစ်ဦး ပါဝင်ပတ်သက်ကြောင်း သိလိုက်ရပါတယ်။ လူ့စိတ်ဆိုတာ မှန်းရခက်တယ်ဆိုတဲ့အတိုင်း နမ်ဆွန်းတစ်ယောက် ထိပ်သီးအရာရှိကြီးရဲ့လက်အောက်က အဆွေးမျက်လုံးဆိုတဲ့ နာမည်ဝှက်ပိုင်ရှင် တိုက်ခိုက်ရေးသမား(Gang Dong Won)နဲ့မှ နှလုံးသားချင်း နီးစပ်သွားပါလေရော။ ကျားကျားလျားလျား ရဲမက်လေးနဲ့ မိန်းမချောချောတဲ့ အဆွေးမျက်လုံးတို့နှစ်ယောက် နှလုံးသားအရှုပ်အထွေးနဲ့ တာဝန်ကြားမှာ လွန်ဆွဲရင်း နောက်ဆုံး ဘယ်လိုဖြစ်သွားမှာလဲဆိုတာကို သိချင်ရင်တော့ ဒီဇာတ်ကားလေးကို အဆုံးအထိ ကြည့်လိုက်တော့နော်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်
ဇာတ်လမ်းအကြောင်း