ဇာတ်ကားများ ရွေးရန်

247°F

2011ဇာတ်ကားBlu-ray 1080p

"အပူချိန် တစ်ဒီဂရီတိုင်းက အရေးပါတယ်" ဂျန်နာ၊ ရန်နေး၊ အင်းန်နဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ အင်းန်ရဲ့ဦး‌ေလး ဝိတ်ပိုင်ဆိုင်တဲ့ ရေကန်ဘေးကသစ်သားအိမ်မှာ ပိတ်ရက်အပန်းဖြေဖိုဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာကြပါတယ်။ ဒါပေမဲ့ အဲဒီအထဲက သုံးယောက်က ချွေးထုတ်ခန်းထဲမှာပိတ်မိသွားပြီး အစကတော့ မိုက်ကယ်က စနေတာလိုပဲထင်လိုက်ကြတယ်။ တကယ့်တကယ် မိုက်ကယ်ကစနေတာ မဟုတ်မှန်းသိသွားကြတဲ့အခါ အခန်းထဲကနေလွတ်မြောက်အောင်ကြိုးစားရင်းနဲ့ပဲ အပူချိန်တွေကလည်း တဖြည်းဖြည်းတိုးလာပါ‌ေတာ့တယ်။ နောက်ဆုံးမှာ သူတိုလွတ်လမ်းကိုရှာနိုင်သွားမလား၊ တစ်ယောက်ယောက်ကပြန်လာကယ်နိုင်မလားဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဂျန်နာအဖြစ် Scout Taylor, ရန်နေးအဖြစ် Christina Ulloa, အင်းန်အဖြစ် Travis Van Winkle နဲ့ မိုက်ကယ်အဖြစ် Michael Coponတိုက အဓိကပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းက Georgia မှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာလည်းဖြစ်လို ကြည့်ရှုသူပရိသတ်တွေပိုပြီးစိတ်ဝင်စားမယ်လို ယုံကြည်ပါတယ်။

ဇာတ်လမ်းအကြောင်း