Bloat
ဂျပန်ကို အပန်းဖြေခရီးထွက်လာတဲ့ သားအစ်မိသုံးယောက်က မထင်ထားတဲ့ ခြောက်ခြားစရာတွေ ကြုံရပြီး အဝေးရောက်ဖခင်နဲ့ ဖြေရှင်းတဲ့ Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ တူရကီမှာ တာဝန်ကျနေတဲ့ ဆာဂျင်ဂျက်နဲ့ သူ့ဇနီးဟန်နာတို့မှာ သားနှစ်ယောက်ရှိပြီး တတိယမြောက်သမီးလေးက မွေးပြီးချင်းချင်းဆုံးသွားပါတယ်။ ဒါနဲ့ပဲ ဟန်နာနဲ့သားနှစ်ယောက်က တိုကျိုကို စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ အစပိုင်းမှာ သာယာနေပေမယ့် သားငယ်ဖြစ်တဲ့ ခိုင်လ်က ရေကန်ထဲမှာ ကစားရင်း ရေနစ်မလိုဖြစ်တဲ့အခါ အိပ်မက်ဆိုးတွေ စတင်တော့တာပါပဲ။ ဂျက်ကလည်း ခွင့်ယူပြီး လိုက်သွားချင်ပေမယ့် ခွင့်မရလို့ အင်တာနက်ကတစ်ဆင့်ပဲ သူ့မိသားစုနဲ့ ဆက်သွယ်နိုင်ပါတယ်။ ရေနစ်ပြီးနောက်ပိုင်း ခိုင်လ်က အရင်လိုမဟုတ်တော့ဘဲ ရန်လိုနေပြီး ထူးထူးဆန်းဆန်းတွေ လုပ်လာတဲ့အခါ...ကလေးတစ်ယောက်ကို ဆုံးရှုံးထားရလို့ panic ဖြစ်နေတဲ့ဟန်နာနဲ့ အဝေးကနေပဲ ကြည့်နေနိုင်တဲ့ဂျက်တို့လင်မယား ထိတ်လန့်စရာတွေကို ကျော်လွှားနိုင်ပါ့မလား။ ရိုက်ကူးပုံရော ဇာတ်လမ်းရော မကောင်းဘူးလို့ ဝေဖန်နေကြလို့ ကိုယ်တိုင်ကြည့်ပြီး သုံးသပ်ကြည့်ကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း