Lumina
အဲလက်စ်နဲ့ တာတီယာနာတို့စုံတွဲက တစ်ရက်သူတို့စံအိမ်ကြီးမှာပဲ ပါတီပေးကြတယ်။ အဲ့ကို အဲလက်စ်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဒလိုင်လာနဲ့ ပက်ထရီရှာဆိုတဲ့ ကောင်မလေး ၂ ယောက်ကလည်း လာကြတယ်။ တာတီယာနာက မြွေမြွေချင်းခြေမြင်တယ်ပြောရမလား ဒလိုင်လာရဲ့ ညုတုတုလေသံတွေနဲ့ ကြာပစ်တဲ့အကြည့်တွေကိုသတိထားမိတယ်။ အဲလက်စ်ကို ပြောပြပြန်တော့လည်း ဟိုက “သူငယ်ချင်းဖြစ်တာဖြင့် နှစ်ချီနေပြီ မင်းကိုက လျှောက်တွေးနေတာ ဘလာ ဘလာ” ဆိုပြန်ပြောတာပေါ့။ ဒီလိုနဲ့ ပါတီကိုလာတဲ့ ဧည့်သည်တွေပြန်သွားအပြီး စံအိမ်ကြီးမှာ ညဘက် သူတို့လေးယောက်ပဲကျန်တဲ့အချိန် တာတီယာနာကရေကူး၊ ဟိုသူငယ်ချင်းမ နှစ်ယောက်က အတင်းတုပ်နေချိန်.... ကောင်းကင်ကနေ အလင်းတန်းကြီးတစ်ခု ကျရောက်လာပြီး တာတီယာနာကို ခေါ်ဆောင်သွားတော့တယ်။ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ သူငယ်ချင်းအုပ်စုလေး တာတီယာနာရဲ့ ပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်း အန္တရာယ်တောထဲ ဝင်တိုးမိတဲ့အခါမှာတော့...။ ရုပ်ရှင်အမျိုးအစားကတော့ Sci-fi/ Horror ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း