ဇာတ်ကားများ ရွေးရန်

Timecop

1994ဇာတ်ကားBlu-ray 1080p

အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ သိပ္ပံလွန်ဇာတ်လမ်းလေးတွေကြိုက်တဲ့ပရိတ်သတ်တွေအကြိုက် အချိန်ခရီးသွားဇာတ်လမ်းလေးဖြစ်ပါတယ် သိပ္ပံပညာရှင်တွေက အချိန်ခရီးသွားခြင်းကိုတီထွင်နိုင်ခဲ့ပြီးနောက် အစိုးရနဲ့ ပိုက်ဆံရှိအသိုင်းအဝိုင်းတွေက ဒီစက်ကိုအသုံးပြုပြီး မသမာမှုတွေပြုလုပ်ဖို့ကြိုးစားလာပါတော့တယ် အဲ့နောက်အစိုးရက အချိန်ခရီးသွားပြီးအခြေအနေပြောင်းလဲမှုကိုတားဆီးဖို့ အေဂျင်စီတစ်ခုထောင်ပြီး ရဲတွေခန့်ထားခဲ့ပါတယ် အဲ့ထဲမှာဝေါ့ကာဆိုတဲ့ရဲက လွန်ခဲ့တဲ့နှစ်တွေက ရန်ငြိုးမရှိမိန်းမကိုလုပ်ကြံခံလိုက်ရလို့ အဖြေရှာနေတဲ့တစ်ဦးပေါ့ သူအဖြေရှာရင်း အချိန်ခရီးသွားပြီး ပြောင်းလဲမှုတွေကိုဘယ်လိုကာကွယ်မလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း