ဇာတ်ကားများ ရွေးရန်

Don't Look Back... I Know Your Origins

2024ဇာတ်ကားWeb-dl 1080p

ရှေ့နေမလေးလင်းဟာ သူ့အမေကို ပြန်ခေါ်ဖို့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ လင်းအမေဟာ လူကြီးရောဂါခံစားနေရပြီး သူတို့ရွာက ဘိုးဘွားရိပ်သာမှာ ဆေးကုသမှုခံယူရင်း နေထိုင်နေခဲ့ရတာပါ။ လင်းအနေနဲ့ အမေဖြစ်သူကို ကွာလာလမ်ပူကို ခေါ်ဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့် လင်းအမေက မွေးရပ်မြေကနေ ထွက်မသွားချင်လို့ မတတ်သာပဲ ထားခဲ့ရတာပါ။ ဒီတစ်ခေါက် လင်းမွေးရပ်မြေကို ပြန်ရောက်တဲ့အချိန်မှာ လင်းအမေနဲ့ပတ်သက်ပြီး ထူးခြားမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ လင်းတို့မိသားစုကို ခေတ်အဆက်ဆက်လိုက်ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါးသရဲမပါ။ ဒီသရဲမနဲ့ပတ်သက်ပြီး ဘယ်လိုခြောက်ခြားမှုတွေ ကြုံတွေ့ရမလဲ၊ လင်းအမေကို အဲဒီသရဲမလက်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးနိုင်မလားဆိုတာကို ခံစားကြည့်ရှုရမယ့် မလေးရှား ဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း