ဇာတ်ကားများ ရွေးရန်

Suky

2025ဇာတ်ကားWeb-dl 1080p

Revenge/Action အမျိုးအစားဖြစ်ပြီး မတရားအသတ်ခံရတဲ့ ဖခင်အတွက် ကလဲ့စားချေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ သားဖြစ်သူ စူကီရဲ့ခရီးစဉ်ကို မြင်ရမှာပါ။ စူကီရဲ့အဖေဟာ တရားမဝင်လက်ဝှေ့သမားဖြစ်ပြီး ကလေးဖြစ်တဲ့ စူကီ့ရှေ့တင် ပြိုင်ဘက်ကယုတ်မာပြီး ဓားနဲ့ထိုးသွားလို့ ပွဲချင်းပြီးသေသွားပါတယ်။ စူကီကလည်း ဆယ်ကျော်သက်အရွယ်မှာ ထောင်ထဲရောက်သွားပြီး ဒီလူကို တစ်နေ့ကျရင် ယှဉ်ထိုးပြီးသတ်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ထောင်ထဲမှာ လက်ဝှေ့ပညာကို သင်ယူခဲ့ပါတယ်။ အဲဒီထောင်မှာ ထောင်သားတွေကို လောင်းကြေးနဲ့ ယှဉ်ထိုးခိုင်းပြီး အားအကြီးဆုံးလူက လွတ်မြောက်ခွင့်ရမယ်လို့ ကြေညာထားတာရှိပါတယ်။ ဖခင်အတွက် ကလဲ့စားချေဖို့နဲ့ လွတ်မြောက်ဖို့ မျှော်လင့်ထားတဲ့ စူကီရဲ့ ခရီးကြမ်းမှာ ဘယ်လိုအတိုက်အခိုက် အတားအဆီးတွေနဲ့ ကြုံရဦးမလဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း