ဇာတ်ကားများ ရွေးရန်

Waves

2024ဇာတ်ကားWeb-dl 1080p

လွတ်လပ်စွာပြောဆိုခွင့်ရဖို့အတွက် ချက်ကိုဆလိုဗားကီးယားရဲ့ သတင်းထောက်တွေ ဘယ်လိုမျိုးကြိုးစားရုန်းကန်ခဲ့ရလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ Historical Thriller Drama ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ IMDb ကလည်း 8.2 လောက်ရထားပြီး လက်ရှိမှာ ချက်ရုပ်ရှင်လောကရဲ့ ဒုတိယမြောက်ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းကတော့ သောမတ်စ်နဲ့ ပါဝယ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ကိုဦးတည်ထားတယ်။ ပါဝယ်က ကျောင်းသားအရွယ်ဖြစ်တဲ့အတွက် ပရာ့ဂ်နွေဦးမှာ တက်တက်ကြွကြွနဲ့ ပါဝင်သူတစ်ယောက်ပေါ့။ သောမတ်စ်ကတော့ နိုင်ငံရေးနဲ့ကင်းကင်းရှင်းရှင်းနေချင်ပါတယ်ဆိုမှ လွတ်လပ်စွာပြောဆိုခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တကယ့်နာမည်ကျော် မီလန်ဝိုင်နာ (သတင်းထောက်) ရဲ့ သတင်းဌာနမှာ အလုပ်ရသွားတော့တယ်။ တကယ်တော့ သူ့ကိုထောက်လှမ်းရေးက ညီလုပ်သူရဲ့ ပြစ်မှုတွေနဲ့ အကြပ်ကိုင်ပြီး ဝိုင်နာအနားကပ် သတင်းနှိုက်ခိုင်းတာ။ အစပိုင်းတော့ သူလည်းခိုင်းသမျှလုပ်ပေးပေမယ့် ပြောင်းလဲလာတဲ့ ပရာ့ဂ်ကို ညတွင်းချင်း ဆိုဗီယက်ယူနီယံနဲ့ ဝါဆောစာချုပ်ပါ စစ်တပ်တွေက ကျူးကျော်လာတဲ့အခါ... လက်နက်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေကတောင် တင့်ကားတွေရှေ့မှာတန်းစီရပ်၊ အသက်ကိုရင်းပြီး ကာကွယ်ပေးနေတဲ့ သတင်းဌာနကြီးက သူ့လုပ်ဖော်ကိုင်ဖက်တွေကို သူသစ္စာဖောက်မလား.... သူ့ရဲ့ ရွေးချယ်မှုကဘယ်လိုဖြစ်မလဲ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Leon K Zaw ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း