ဇာတ်ကားများ ရွေးရန်

NiNoKuni

2019ဇာတ်ကားBlu-ray 1080p

ယုနဲ့ ဟာရူတို့ဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဟာရူ့မှာ ကိုတိုနာဆိုတဲ့ ကောင်မလေးရှိပါတယ်။ ယုကတော့ ခြေထောက် မသန်စွမ်းသူပါ။ ပြီးတော့ ကိုတိုနာကိုလည်း ကြိတ်သဘောကျနေမိသူပါ။ တစ်နေ့မှာ ကိုတိုနာ ဓားထိုးခံရပြီး ယုနဲ့ ဟာရူတို့ ကိုတိုနာဆီ အပြေးသွားကြရမှာ ဓားထိုးဒဏ်ရာနဲ့ လဲကျနေတဲ့ ကိုတိုနာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကိုတိုနာကို ဆေးရုံဆီ ပို့ဖို့ လုပ်ရင်း ယုနဲ့ ဟာရူတို့ ရုတ်တရတ် အခြားကမ္ဘာကို ရောက်သွားပါတယ်။ အခြားကမ္ဘာမှာ ယုနဲ့ ဟာရူတို့ဟာ ကိုတိုနာကို လိုက်ရှာရင်း သူတို့ကမ္ဘာနဲ့ အခြားကမ္ဘာကြားက ဆက်နွှယ်မှုတွေကို တဖြည်းဖြည်း အဖြေရှာသိရှိလာပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာ ယုနဲ့ ဟာရူတို့ ကိုတိုနာကို ကယ်နိုင်မှာလား။ ဒီကမ္ဘာနဲ့ အခြားကမ္ဘာက ဘယ်လိုချိတ်ဆက်နေမှာလဲ စတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ taku-chan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း