ဇာတ်ကားများ ရွေးရန်

Between The Navel And Knees

2014ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဂျိုဆွန်းခေတ်ကို အခြေခံထားပြီး ချစ်မှုချစ်ရာ လိင်ကာမရောယှက်ခန်းတွေ တသီကြီးပါတဲ့ ခပ်ကြမ်းကြမ်း ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုလဲ စလာကတည်းက ဂျန်ဝန်းနဲ့ချွဲမင် သူငယ်ချင်းနှစ်ယောက် မုဆိုးမယူကို ဘယ်သူအရင်ခြေတော်တင်နိုင်မလဲဆိုပြီး လောင်းကြေးထပ်ရာကနေ စထားပါတယ်။ ချွဲမင်က သူ့မိန်းမအပါအဝင် သူပိုင်သမျှနဲ့ လောင်းကြေးထပ်ပြီး ဂျန်ဝန်းကတော့ သူ့အသက်နဲ့ လောင်းကြေးထပ်တဲ့အထိကို သူငယ်ချင်းနှစ်ယောက် အနိုင်ယူလိုစိတ်ပြင်းထန်နေတာပေါ့။ တစ်ကားလုံး ဒီအကြောင်းချည်းပဲလားဆိုရင်တော့ မဟုတ်ပါဘူး၊ ယူတတ်ရင် သင်ခန်းစာချည်းပဲဆိုတဲ့အတိုင်း သိမ်ငယ်စိတ်အမြဲဝင်နေတဲ့ ချွဲမင်ရဲ့စကားတွေ၊ အပြုအမူတွေက ဘယ်လိုရလဒ်အထိ ဖြစ်စေမှာလဲဆိုတာကိုပါ သေချာကြည့်ပြီး သုံးသပ်နိုင်ပါသေးတယ်။ ခင်ပွန်းဆုံးတာ သုံးနှစ်ရှိသွားပေမဲ့ သစ္စာတရားကိုသာ စောင့်ထိန်းထားတဲ့ မုဆိုးမယူကို ဘယ်သူက တကယ်ချစ်သွားမှာလဲ၊ အမှန်တကယ် အနိုင်ရလိုက်သူက ဂျန်ဝန်းလား ချွဲမင်လားဆိုတာကလဲ စိတ်ဝင်စားစရာပါပဲ။ ချစ်ခန်းကြိုက်ခန်းကို ခပ်ကြမ်းကြမ်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာနဲ့အညီ လိင်ကာမကြည်နူးခန်းတွေ အကွက်စုံပါတဲ့အတွက် ၁၈ ယောက်အထက်စုပြီး ကြည့်ဖို့ အထူးသတိပေးပါရစေရှင်။ အညွှန်းနှင့် ဘာသာပြန် - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း