ဇာတ်ကားများ ရွေးရန်

Laila

2025ဇာတ်ကားWeb-dl 1080p

မကြာသေးခင်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယ ဟာသအက်ရှင်ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိန်းကလေးတွေအားလုံးရဲ့အားကိုးရာ ရုပ်ဆိုးသူကိုတောင်လှပအောင် ပြင်ပေးနိုင်တဲ့ ရွှေလက်ပိုင်ရှင် ဆိုနုနဲ့ ဆိုနုဆိုင်ကို အမြဲတမ်းအားပေးနေကြတဲ့ တစ်မြို့လုံးကမိန်းကလေးတွေ ဒီလိုမျိုးမိန်းကလေးတွေရဲ့ ချစ်ခင်မှုအားကိုးမှုကိုခံထားရတဲ့ဆိုနုဟာ ယောကျာ်းသားတွေ အတွက်တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ရစ်သမ်အတွက် မင်းသမီးနဲ့တူတဲ့ချွေးမလောင်းကိုရှာပေးချင်တဲ့ ဖခင်က သူ့ဆီကိုရောက်လာသမျှ မိန်းကလေးတွေကို သဘောမတွေ့ခဲ့ပါဘူး။ ရစ်သမ်က ဆိုနုဆိုင်ရဲ့နာမည်ကြီးမှုကြောင့်ရောက်လာရင်း မိတ်ကပ်ပြင်ထားတဲ့မိန်းကလေးကိုတွေ့လိုက်ချိန်မှာ တကယ့်မင်းသမီးအလားထင်မှားပြီး လက်ထပ်ခဲ့ပေမဲ့ မနက်လင်းတဲ့အခါမှာ မိန်းကလေးရဲ့မူလရုပ်ရည်ကိုမြင်လိုက်တဲ့အခါမှာ‌တော့ဘာတွေဆက်ဖြစ်မလဲ။ တစ်ကားလုံးမပျင်းရတဲ့ ဟာသတွေနဲ့တစ်ဟီးဟီးရယ်နေရမှာသေချာတာမို့ စောင့်ကြည့်ပေးဖို့တိုက်တွန်းလိုက်ပါရစေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း