ဇာတ်ကားများ ရွေးရန်

Real Fiction

2000ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားကတော့ IMDb Rate 5.9 ရရှိထားပြီး မင်းသား Ju Jin Moက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင် ပန်းချီဆရာဟာ လမ်းပေါ်မှာ ကျင်လည်နေတဲ့ Street artistတစ်ယောက်ဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး အနှိမ်ခံအပယ်ခံပြီး နေလာရပါတယ်။ အဖိိနှိပ်ခံရပါများလာတော့ ဇာတ်ဆောင်တစ်ယောက် အမှောင်ဘက်ခြမ်း ပေါ်လာပြီး ရန်သူတွေကို လက်စားချေပါလေရော။ ဒါပေမဲ့ သူ လက်စားချေတာဟာ စိတ်ကူးယဉ်ပဲဖြစ်နေမလား ဒါမှမဟုတ် လက်တွေ့မှာရော တကယ်ပဲ လက်စားချေလိုက်တာလားဆိုတာကတော့ သေချာ တွေးကြည့်မှပဲ သိရပါလိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ ပြန်လည်ရိုက်ကူးထားတဲ့ Retakeမရှိဘဲ တစ်ခါတည်း အပြီးရိုက်ကူးထားပြီး Low Quality နဲ့ အကြမ်းထည်ရိုက်ကူးထားတဲ့ပုံစံကို တမင်ပေါင်းစပ်ထားတဲ့ ဇာတ်ကားဖြစ်ပေမဲ့ "၂၃ ကြိမ်မြောက် မော်စကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်"မှာတောင် ပါဝင်ခွင့်ရရှိထားပါတယ်။ ဇာတ်လမ်းကို ကြည့်လိုက်ရင်လဲ ရိုက်ကွင်းထဲ ကိုယ်တိုင် ရောက်နေသလိုလို တကယ်ပဲ ကိုယ့်ရှေ့မှာ လူသတ်မှုတွေ ဖြစ်နေသလိုလိုနဲ့ ခံစားချက်ကို တစ်မျိုးတစ်ဖုံ ဆန်းသစ်စေတဲ့အတွက် အကြိုက်ချင်းမတူနိုင်ရင်တောင် တစ်ခါလောက်တော့ ကြည့်ရှုကြည့်ဖို့ ညွှန်းပါရစေရှင်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း