Cleaner
သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး(အကြမ်းဖက်) တက်ကြွလှုပ်ရှားသူတွေက စွမ်းအင်ကုမ္ပဏီက ကြီးမှူးကျင်းပတဲ့ ရှယ်ယာရှင်ညစာစားပွဲကို လက်နက်တွေနဲ့ဝင်စီးပြီး စီအီးအိုတွေ ဝန်ကြီးတွေ အထက်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဝန်ခံခိုင်းတာကို အဲဒီကုမ္ပဏီရဲ့ ပြတင်းပေါက်မှန်သန့်ရှင်းရေးသမားက ကယ်တင်ပေးမှာပါ။ ဂျိုဝီနဲ့မိုက်ကယ်တို့မောင်နှမဟာ ငယ်ငယ်တည်းက နှိပ်စက်ညှင်းပန်းတဲ့ဖခင်နဲ့နေခဲ့ရပြီး မောင်ဖြစ်သူ မိုက်ကယ်နှိပ်စက်ခံနေရတိုင်း ဂျိုဝီက ဘေးထွက်နေခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဉာဏ်ရည်မပြည့်တဲ့ မိုက်ကယ်ကို စောင့်ရှောက်ဖို့ဖြစ်လာပါတယ်။ အဲဒီနေ့ကတော့ ကုမ္ပဏီညစာစားပွဲလုပ်တုန်း ဂျိုဝီက အချိန်ပိုဆင်းရပြီး မိုက်ကယ်ရော အတူပါလာပါတယ်။ ဒါမဲ့ activist တွေဝင်လာပြီး သူတို့အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အချိန် နဂိုက လူမသတ်ဘဲ အပြစ်ဝန်ခံခိုင်းဖို့လုပ်ထားပေမယ့် အစွန်းရောက် လူသားရေးဆန့်ကျင်တဲ့ အကြမ်းဖက်သမားပါလာပြီး အားလုံးကို သေရွာခေါ်သွားဖို့ ကြိုးစားတဲ့အခါမှာတော့ စစ်သားဟောင်းတဖြစ်လဲ သန့်ရှင်းရေးဂျိုဝီက အဆောက်အဦးထဲက ဓားစာခံတွေနဲ့သူ့မောင်ကို ကယ်ထုတ်ဖို့ သက်စွန့်ဆံဖျားကြိုးပမ်းရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း