ဇာတ်ကားများ ရွေးရန်

(Pri)sons

2024ဇာတ်ကားBlu-ray 1080p

မ​ကောင်းမှုမှန်သမျှ မလုပ်​တော့ဘဲ ရိုးသား ​ဖြောင့်မတ်စွာ ​နေထိုင်​တော့မယ့် သူအတွက် ကံတရားက သူ့ဘက် ပါနိုင်မလား။ တစ်ခါတုန်းက ပြစ်မှု ကျူးလွန်မိပြီး ​ထောင်ချခံရလို့ ပြန်လွတ်လာတဲ့ ယူဟာကို သူ့မိတ်​ဆွေ တစ်​ယောက်က အလုပ် လာကမ်းလှမ်းခဲ့ပါတယ်။ သူ​ပြောတဲ့ အလုပ်က ကလပ်မှာ လုံခြုံ​ရေးအ​စောင့် လုပ်ခိုင်းတာပါ။ ဘာမ​ကောင်းတာမှ မလုပ်ရတဲ့ပုံ​ ပေါ်တာမို့ သူလည်း လွယ်လွယ်နဲ့ အလုပ်ကို လက်ခံလိုက်ပါတယ်။ ဖြစ်ချင်​တော့ သူ သွားရတဲ့ ​​နေရာက ​မှောင်ခို အ​ရောင်းအဝယ် လုပ်ငန်း ဖြစ်​နေပါတယ်။ သူ အလုပ်စဆင်းတဲ့ ပထမ​နေ့မှာပဲ ကံဆိုးချင်​တော့ လူသတ်သမား အုပ်စု ​ရောက်ချလာပြီး ဝင်​ရောက်စီးနင်းပါ​တော့တယ်။ လူဆိုးဂိုဏ်း နှစ်ဖွဲ့ရဲ့ ရက်ရက်စက်စက် ​ချေမှုန်းကြတဲ့ ပွဲမှာ ​ချောင်ပိတ်မိသွား​တဲ့အခါ ယူဟာ တစ်​ယောက် ဘယ်ဘက် လိုက်မလဲ။ သူ့အတွက် လွတ်လမ်း​ကော ရှိမလားဆိုတာ ရင်ခုန်စွာ ​ကြည့်ရှုရမှာပါ။ ​သွေးသံ တရဲရဲ သတ်ဖြတ်တဲ့ ဇာတ်ကွက်​တွေ ပါဝင်ပြီး ကွက်ကွက်ကွင်းကွင်း မြင်​အောင် ရိုက်ကူးထားတာမို့ စိတ်ခိုင်သူ​တွေသာ ကြည့်ရှုဖို့ အကြံ​ပြုပါရ​စေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Poe Yin Thar ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း