ဇာတ်ကားများ ရွေးရန်

Method

2017ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ IMDb Rate 6.9ရရှိထားပြီး BLလောကကို အပီအပြင် ထင်ဟပ်စေတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ BLဇာတ်ကားကို အတူတွဲရိုက်ကြတဲ့ မင်းသားအချင်းချင်း အပြင်မှာ တကယ် ကြိုက်သွားနိုင်လား၊ ကြိုက်နေပြီလားဆိုတဲ့ အတွေးမျိုး BLပရိတ်သတ်တွေတော်တော်များများ တွေးဖူးကြမှာပေါ့။ အီဂျယ်ဟာ(Park Sung Woong)ဟာ စိတ်နှစ်ပြီး သေချာသရုပ်ဆောင်တတ်တဲ့ ပြည်သူ့အချစ်တော် မင်းသားဖြစ်ပြီး ယောင်းဝူ(Oh Seung Hoon)ကတော့ နာမည်ကြီးအိုင်ဒေါအဖွဲ့ P2Sရဲ့Main Rapperတဖြစ်လဲ သရုပ်ဆောင်ပေါက်စလေးပေါ့။ သူတို့က Unchainဆိုတဲ့ BLပြဇာတ်တစ်ခုကို အတူတွဲသရုပ်ဆောင်ဖို့ ကံပါလာပြီး တစ်ယောက်အပေါ်တစ်ယောက် စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကနေတစ်ဆင့် ၁၅၀၀ ချစ်ခြင်း လွှမ်းတဲ့ သံယောဇဥ်နှောင်ကြိုးလေး သွယ်မိသွားပါလေရော။ အပြင်လောကရဲ့အချို့သော BLမင်းသားများလိုပဲ အီဂျယ့်ဟာမှာ ဟီးဝန်း(Yoon Seung Ah)ဆိုတဲ့ ချစ်သူကောင်မလေးရှိတာကတော့ ယောင်းဝူအတွက် ရင်နာစရာပေါ့။ "လောကကြီးမှာ အချစ်ဆိုတာ ပမာဏနည်းတယ်" ဆိုပြီး ယောင်းဝူရဲ့ဇာတ်ကောင် စင်ဂါ ပြောသလိုပဲ ယောင်းဝူတစ်ယောက် အဲဒီပမာဏနည်းတဲ့ အချစ်ကို နောက်ဆုံးမှာ ပိုင်ဆိုင်နိုင်မှာလား၊ ဒါမှမဟုတ် ချစ်ရသူ အီဂျယ်ဟာတစ်ယောက် သူ့ချစ်သူကောင်မလေးဆီကိုပဲ စိတ်ပြန်လည်သွားမှာလားဆိုတာကို သိချင်တယ်ဆိုရင်တော့ Methodဆိုတဲ့ ဒီဇာတ်ကားလေးကို ကြည့်ကြည့်ဖို့ ညွှန်းလိုက်ပါရစေရှင်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း