Curse of the Seven Oceans
ဒီဇာတ်ကားလေးကတော့ ကိုယ်ကျိုးအတွက် အောက်လမ်းပညာကို အသုံးချမိလို့ အန္တရာယ်ကြုံတွေ့ရပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်စဥ်ကလေးဘဝမှာ ကျောက်ကပ်ဝေသနာခံစားနေရတဲ့ အာဒီဟာ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ သူ့ရဲ့တတိယမျက်လုံးပွင့်သွားခဲ့ပါတယ်။ အာဒီအဖေက သူ့သားအခြေအနေကို ဘာသာရေးဆရာနဲ့ပြသခဲ့ပြီး အာဒီရဲ့ဆဌမအာရုံကို အမြင်ကျဥ်းအောင် လုပ်ပေးပါတော့တယ်။ ဒီလိုနဲ့ အာဒီတစ်ယောက် ကောလိပ်ကျောင်းသားအရွယ်ကို ရောက်လာခဲ့ပါတယ်။ အာဒီ့မှာ ရှီဖာနဲ့အာရစ်ဆိုတဲ့ ညီမလေးနဲ့ညီလေးတစ်ယောက်ပါရှိပါတယ်။ သူတို့မိသားစုဟာ စျေးကြီးထဲက အာဒီ့အဖေရဲ့ကုန်စုံဆိုင်အလုပ်နဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာပါ။ အာဒီ့အဖေဆိုင်က ရောင်းအားကောင်းပြီး စျေးဝယ်သူမပြတ်တာကြောင့် မနာလိုသူများနေခဲ့ပါတယ်၊ အကြိမ်ကြိမ်အစီအရင်တွေနဲ့ ကျိန်စာတိုက်ခံနေရပါတယ်။ တစ်နေ့မှာ အာဒီ့အဖေ ဂျစ်တိုကို ပယောဂအနှောင့်အယှက်ဝင်ပြီး အာဒီတို့မိသားစု အောက်လမ်းအတတ်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုကို အာဒီတစ်ယောက် သူငယ်စဥ်ကရရှိခဲ့တဲ့ ဆဌမအာရုံအကူအညီနဲ့ ကိုင်တွယ်ဖြေရှင်းရပုံကို ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ဝန်းခန်းများစွာနဲ့ ကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း