ဇာတ်ကားများ ရွေးရန်

Nilavuku Enmel Ennadi Kobam

2025ဇာတ်ကားWeb-dl 1080p

ပရတ်ဘူဆိုတဲ့ကောင်လေးက အချစ်ဦးကိုမမေ့နိုင်ဘဲ အချိန်အကြာကြီးခံစားနေရတဲ့သူပါ။ ဒါပေမဲ့မိဘတွေရဲ့လှုံ့ဆော်မှုနဲ့ အတန်းဖော်သူငယ်ချင်းနဲ့ အိမ်ထောင်ပြုရတော့မယ်။ ဒါပေမဲ့အဲဒီအချိန်မှာပဲ အချစ်ဆုံးဖြစ်ခဲ့တဲ့ငယ်ချစ်ဦး နီလာက မင်္ဂလာဆောင်ကိုလှမ်းဖိတ်တယ်။ အဲဒါနဲ့ ပရတ်ဘူလည်း အချစ်ဦးကိုချစ်သေးလားသိချင်လို့ မင်္ဂလာဆောင်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့နှစ်ယောက်အတိတ်မှာအရမ်းချစ်ခဲ့ကြပေမဲ့ နီလာရဲ့အဖေက သူတို့နှစ်ယောက်ကိုသဘောမတူခဲ့ဘူး။ အဲဒါနဲ့ပရတ်ဘူလည်း ကြိုးစားဖို့ကြံစည်ခဲ့ပေမဲ့ ပရတ်ဘူ့အဖေကင်ဆာကြောင့် ခြောက်လပဲခံတော့မယ့်အကြောင်းသိလိုက်ရတဲ့အချိန်မှာ သူ့ရင်အကွဲခံပြီး နောက်ဆုတ်ရင်း နီလာ့ကိုထားခဲ့လိုက်ပါတယ်။ အကြောင်းမှန်တွေမသိတဲ့နီလာက ပရတ်ဘူ့ကိုစိတ်နာပြီး သူ့အဖေပေးစားတဲ့သူနဲ့ယူဖို့စီစဉ်တော့တယ်။ မင်္ဂလာဆောင်လိုက်သွားတဲ့ပရတ်ဘူတစ်ယောက် ငယ်ချစ်ဦးနီလာနဲ့ ပြန်အဆင်ပြေနိုင်မှာလား။ ဒါမှမဟုတ် အိမ်မှာစောင့်နေတဲ့ အိမ်ကပေးစားတဲ့မိန်းကလေးနဲ့ပဲအိမ်ထောင်ကျမလားဆိုတာ ဒီအချစ်ကားလေးထဲမှာ တစ်စိမ့်စိမ့်နဲ့ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း