ဇာတ်ကားများ ရွေးရန်

Dragon

2025ဇာတ်ကားအမှတ် 8/10Web-dl 4K SDR

IMDB 8/10 အထိရရှိထားတဲ့ ဟာသဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ နဂါးက ဘဝကို ဆိုးမိုက်ပေတေတဲ့အခြေအနေမျိုးနဲ့ဖြတ်သန်းလာခဲ့ပြီး ကောလိပ်ကျောင်းက ထွက်ခဲ့ရတဲ့အချိန်ထိ သူ့ကိုယ်သူမပြင်မဆင်ပဲ နှစ်နှစ်လုံးလုံးအလုပ်လက်မဲ့ဘဝနဲ့ဖြတ်သန်းခဲ့ပါတယ်။ ရည်းစားဖြစ်သူက လက်ထပ်တော့မယ့်အချိန်ရောက်မှာသူအလုပ်အကိုင်မရှိ ဘွဲ့မရခဲ့တဲ့အခြေအနေကြောင့် ရည်းစားဖြစ်သူက ပြီးပြည့်စုံတဲ့ယောကျာ်းတစ်ဦးကိုရွေးချယ်သွားတယ်ဆိုတာ သိလိုက်တဲ့အချိန်မှာတော့ သူ့ကိုယ်သူရည်းစားဖြစ်သူလက်ထပ်လိုက်တဲ့သတို့သားထက်သာလွန်ပြီး ပြီးးပြည့်စုံတဲ့အခြေအနေကိုအလွယ်တကူရောက်ဖို့အတွက် ကြံစည်တဲ့အချိန်မှာတော့ ဘွဲ့မရ၊ နောက်ခံမရှိတဲ့ နဂါးတစ်ယောက်က ဘယ်လိုအလိမ်အညာတွေသုံးပြီးတော့ထိပ်ဆုံးကိုရောက်အောင်တက်လှမ်းမလဲဆိုတာကို ဟာသလေးနှောပြီးရိုက်ကူထားတဲ့ပညာပေးဒရမ်မာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း