ဇာတ်ကားများ ရွေးရန်

Reborn

2018ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Reborn (2018)ဆိုတဲ့ hacking နှင့် အနာဂတ်နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ လူတွေရဲ့နောက်ကွယ်မှာရှိတဲ့ အန္တရာယ်တွေ လူ့စိတ်နဲ့ AI ကြားက ကွာခြားမှုတွေကို တွေးတောမိစေနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ဒါရိုက်တာ Li Hailongရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်မျာအဖြစ် Geng Han, Rhydian Vaughan, Yuan Liနှင့် ဂျပန်သရုပ်ဆောင် မင်းသား Tomohisa Yamashitaတို့ကပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အချိန်နဲ့အမျှနည်းပညာတိုးတက်ထွန်းကားနေတဲ့ခေတ်ကြီးထဲမှာ လူတွေဟာအမျိုးမျိုးတီထွင်လာကြပါတယ်..ခေတ်မီကောင်းမွန်တဲ့ နည်းပညာတွေဟာ ‌လူကောင်းတွေရဲ့လက်ထဲကိုရောက်သွားရင် ကမ္ဘာကြီးအတွက် အကျိုးရှိနိူင်သလောက် မကောင်းတဲ့လူတွေရဲ့လက်ထဲရောက်ရှိသွားရင်တော့ ကမ္ဘာကြီးအတွက်ဘေးအန္တရာယ်ဆိုးတွေသယ်ဆောင်လာနိူင်ပါတယ်။ ဒီဇာတ်ကားက နည်းပညာနဲ့ ရာဇဝတ်မှုတွေ ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဟက်ကာနည်းပညာမှာကျွမ်းကျင်လွန်းတာကြောင့် ကပ္ပတိန်ချွမ်ကျန်းလို့ နာမည်ပြောင်ရရှိထားတဲ့ လီဟောက်မင်းဆိုတဲ့ ကောင်လေးတစ်ယောက်ဟာရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့ထဲကို လျှို့ဝှက်ဝင်ရောက်လုပ်ကိုင်ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့အတူ ဒိတ်ဒိတ်ကြဲဟက်ကာတစ်ယောက်ဖြစ်တဲ့ မြင်းကျား‌လို့ နာမည်ဝှက်ရထားတဲ့ ချောင်ဖေးဆိုသူနဲ့ ကိုယ်ခံပညာမှာ ကျွမ်းကျင်လွန်းတဲ့စူးယိလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ စွန့်စားခန်းတစ်ခုကိုအတူတကွကျော်ဖြတ်ကျော်ခဲ့ကြပုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ သူတို့ဟာ ကုန်းလမ်း ရေလမ်း လေကြောင်းလမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ အိုအေစစ်စနစ် ၂.၀ရဲ့ လုံခြံရေးမြင့်မားတဲ့ကွန်ယက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ထာခဲရှိမိုရီရဲ့ အလုပ်အပ်တာကိုလက်ခံရရှိခဲ့ရမှစပြီး ကြုံလာရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့ကိုအလုပ်အပ်ခဲ့တဲ့ ထာခဲရှိမိုရီဆိုသူရဲ့ နောက်ကွယ်မှာဘယ်လိုရည်ရွယ်ချက်တွေရှိနေတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း