ဇာတ်ကားများ ရွေးရန်

Holland

2025ဇာတ်ကားWeb-dl 4K SDR

ကျူးလစ်ပန်းတွေပြည့်နေတဲ့ ဟော်လန်ဆိုတဲ့မြို့လေးကို ပြောင်းလာတဲ့ဆရာဝန်မိသားစုမှာ ဖရက်၊ နန်စီနဲ့ သားလေးဟယ်ရီတို့ ပါဝင်ပါတယ်။ ဆရာဝန်ဖြစ်တဲ့ ဖရက်က ဟော်လန်မြို့လေးမှာ နာမည်ကျော် ဂုဏ်သတင်းနဲ့ လူသိများတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး နန်စီက ဒီမြို့လေးမှာ သူတို့ဘဝက ပြီးပြည့်စုံပြီး လုံခြုံပျော်ရွှင်ရတယ်လို့ မှတ်ယူထားတာပေါ့။ ဒါမဲ့ မထင်မှတ်ဘဲ ဖရက်က တခြားမြို့ကမိန်းမနဲ့ ဖောက်ပြန်နေတယ်ဆိုပြီး သံသယဝင်လာတဲ့ နန်စီက သူ့လုပ်ဖော်ကိုင်ဖက် ဒေ့ဖ်နဲ့အတူ ဒါကိုဖော်ထုတ်ဖို့ ကြိုးပမ်းရင်း ဒေ့ဖ်နဲ့ပါ ငြိသွားပါတယ်။ စုံစမ်းကောင်းပြီး ဖရက်ရဲ့သရုပ်မှန်နဲ့ အတိတ်ကိုပါ သိသွားတဲ့အခါမှာတော့ နန်စီထင်ထားတဲ့ perfect life ရဲ့ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း