Hathya
ဒီရုပ်ရှင်ကတော့ တေလေဂူးစကားပြော နိုင်ငံရေးမှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားဖြစ်ပြီး တကယ့်အပြင်ကနာမည်ကြီးနိုင်ငံရေးသမား YS Vivekananda Reddy အသတ်ခံရမှုအပေါ်အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒါယာနန်ဒါရက်ဒီက နိုင်ငံရေးလောကမှာနာမည်ပျက်မရှိသလို အကူညီလာတောင်းတဲ့သူတိုင်းကိုလည်း သေချာကူညီပေးတတ်လို့ လူချစ်လူခင်ပေါပြီး နာမည်နဲ့ဩဇာအရမ်းလွှမ်းမိုးမှုရှိပါတယ်။ ဒါပေမဲ့တစ်နေ့မှာတော့ ဒါယာရန်ဒါတစ်ယောက် သူ့အိပ်ခန်းထဲမှာတင် ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ အဲဒါနဲ့ဒီအမှုကိုဖြေရှင်းဖို့ ဝန်ကြီးချုပ်က အကြောက်တရားကင်းမဲ့တဲ့ရဲမေဆူဒါကို တာဝန်ပေးပြီး ထောက်လှမ်းရေးဌာနရဲ့ခေါင်းဆောင်အဖြစ်ပါခန့်အပ်လိုက်ပါတယ်။ ဆူဒါလည်း အမှုကိုတောက်လျှောက်စုံစမ်းလာရင်း ဘယ်လိုအခက်ခဲတွေ၊ အလိမ်ညာတွေ၊ နိုင်ငံရေးကစားကွက်တွေ၊ အရှုပ်တော်ပုံတွေကိုမြင်ရမလဲဆိုတာ ဒီကားထဲမှာစောင့်ကြည့်နိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း