Munkar
ဒီဇာတ်ကားလေးကတော့ အစ္စလာမ်မိန်းကလေးဘော်ဒါကျောင်းတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့စိတ်ခြောက်ခြားစရာဇာတ်လမ်းလေးဖြစ်ပါတယ်။ ဟယ်လီနာဆိုသူ ကျောင်းသူသစ်လေးဟာ အာရာဟီမူမိန်းကလေးဘော်ဒါဆောင်ကို တက်ရောက်ခဲ့ပါတယ်။ သူဟာ ကျောင်းနဲ့အသားမကျသေးတာမို့ ကျောင်းစည်းကမ်းကိုလိုက်နာဖို့ အခက်အခဲဖြစ်နေခဲ့တာပါ။ ဘုရားဝတ်ပြုဖို့ အာရုံတက်အချိန် အိပ်ရာထရတာကိုလည်း အသားမကျဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်တန်းလုံးအပြစ်ပေးခံခဲ့ရပါတယ်။ ဒါကို မကျေနပ်တဲ့ အိုဘီတို့သူငယ်ချင်းအဖွဲ့ဟာ ဟယ်လီနာအပေါ် အငြိုးထားပြီး ရန်ရှာပါတော့တယ်။ ဒီကိုရန်ရှာရင်းက လက်လွန်သွားပြီး ဟယ်လီနာတစ်ယောက် ကားတိုက်ခံလိုက်ရပါတော့တယ်။ ဆေးရုံပေါ်ကပြန်ဆင်းလာတဲ့အချိန်မှာ ဟယ်လီနာတစ်ယောက် အရင်ပုံစံနဲ့မတူပဲ အမူအရာတွေ ပြောင်းလဲနေခဲ့ပါတယ်။ ကျောင်းကို ပြန်ရောက်လာတဲ့ဟယ်လီနာက တကယ့်ဟယ်လီနာအစစ်လား နတ်ဆိုးလား သူက ဘယ်လိုခြောက်လှန့်ဦးမှာလဲဆိုတာကို ထိတ်လန့်ဖွယ်ဇာတ်ဝင်ခန်းများစွာနဲ့ ကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း