ဇာတ်ကားများ ရွေးရန်

Rewind

2024ဇာတ်ကားWeb-dl 1080p

ပုံမှန်နဲ့မတူတင်ဆက်ပုံထူးခြားတဲ့ အိန္ဒိယဒရမ်မာအချစ်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ကာသစ်ဆိုတဲ့ကောင်လေးက သူရည်ရွယ်ထားသူကောင်မလေးရဲ့ ပြဿနာများစွာကို အကူအညီပေးခဲ့ပြီးတဲ့နောက်မှာ ချစ်ခွင့်ပန်ဖို့စဉ်းစားနေတဲ့အချိန် သူ့ကောင်မလေးမှာ ကောင်လေးရှိနေတယ်လို့အထင်မှားသွားပါတယ်။ စိတ်ညစ်ညစ်နဲ့တစ်နေရာမှာ သူ့အဘိုးဖြစ်သူ သိမ်းဆည်းထားတဲ့ အချိန်ရွေ့လျားစက်ကိုတွေ့လိုက်ရပြီးတဲ့နောက် သူ့ချစ်တဲ့သူတွေ သူ့အနားကထွက်မသွားစေဖို့ အချိန်ရွေ့လျားစက်ကိုသုံးပြီး အတိတ်ကိုအချိန်ခရီးသွားချိန်မှာတော့ သူပြောင်းလဲချင်တဲ့အတိုင်း ကံကြမ္မာကိုပြောင်းလဲနိုင်မှာလား။ အချိန်ခရီးသွားရင်းနဲ့ သူတွေ့ခဲ့တဲ့ချစ်သူကရော လက်ရှိချစ်မိတဲ့မိန်းကလေးနဲ့အတူတူပဲလား။ အချိန်ခရီးသွားပြီးတော့ လက်ရှိကမ္ဘာကိုရော ပြန်ရောက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း