ဇာတ်ကားများ ရွေးရန်

4PM

2024ဇာတ်ကားWeb-dl 1080p

ပါမောက္ခအီဂျောင်အင်နဲ့ သူ့ဇနီးသည်တို့ဟာ အလုပ်ကနေအနားယူပြီး အနားယူဖို့အတွက် နယ်ဘက်က တိတ်ဆိတ်အေးချမ်းတဲ့အိမ်လေးကိုဝယ်ယူလိုက်ကြပါတယ်။ စစချင်းတော့ အဆင်ပြေနေခဲ့ပေမဲ့ သူတို့ဘေးကအိမ်မှာ ဆရာဝန်လင်မယားနေတယ်ဆိုတာ သိကြပြီး တစ်ခါမှ မမြင်ရတာမလို့ ထူးဆန်းနေခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ဒီတိုင်း အိမ်အလည်သွားရင် မယဉ်ကျေးရာကျမှာစိုးပြီး စာလေးတစ်စောင်ပို့ပြီး အိမ်လာလည်ဖို့ ဖိတ်ခဲ့ပါတော့တယ်။ နောက်ရက်ကျ ညနေ ၄နာရီအချိန်မှာ သူတို့ဆီကို ဘေးအိမ်က ဆရာဝန်ဆိုတဲ့လူကြီး ရောက်လာခဲ့ပါတော့တယ်။ ၄နာရီကနေ ၆နာရီထိုးတဲ့အထိ ဘာစကားတစ်ခွန်းမှမပြောဘဲ တိုက်တဲ့လက်ဖက်ရည်သောက်ပြီး မေးသလောက်ပဲဖြေပြီး ပြန်သွားခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း ၄နာရီထိုးပြီဆို အဲဒီဆရာဝန်ရောက်လာတတ်ပြီး တံခါးမဖွင့်ရင်လည်း တဒုံးဒုံး ထုရိုက်နေတတ်ပါတယ်။ ဘာမေးမေး "ဟုတ်တယ် မဟုတ်ဘူး" ပဲ ဖြေတဲ့လူမလို့ သူတို့အနေနဲ့လည်း ကြာလာတော့ စိတ်ကျဉ်းကျပ်လာခဲ့ပေမဲ့ ဧည့်ဝတ်မကျေမှာစိုးပြီး သည်းခံလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ စိတ်ကျဉ်းကျပ်လာတာမလို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာစဉ်းစားရင်း ဘာတွေကြုံတွေ့လာရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း