ဇာတ်ကားများ ရွေးရန်

Opus

2025ဇာတ်ကားWeb-dl 4K SDR

Psychological Thriller ကိုမှ cult အယူအဆကိုးကွယ်မှုတွေ အစွန်းရောက်သဘောတရားတွေ ထည့်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အေရီယယ်က အောင်မြင်တဲ့စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်စာရေးဆရာမလေး...အထက်လူကြီးက ဦးနှောက်ဖောက်စားတာခံနေရတဲ့သူ...အဲဒီအချိန်မှာပဲ အနှစ် 30လောက်ပျောက်သွားတဲ့ တစ်ချိန်က နာမည်ကျော် pop အဆိုတော်ကြီး မိုရက်တီက အယ်လ်ဘမ်အသစ်ထွက်မယ်လို့ သတင်းလွှင့်လိုက်တဲ့အတွက် သူ့ပရိသတ်တွေရော မီဒီယာလောကမှာပါ အုတ်အော်သောင်းနင်းဖြစ်သွားတာပေါ့။ မိုရက်တီကလည်း အေရီယယ်အပါအဝင် ဂျာနယ်လစ်တွေကို သူ့ရဲ့သီးသန့်ခြံထဲမှာ ပွဲတက်ဖို့ ဖိတ်ထားတယ်။ အေရီယယ်ကတော့ စရောက်တုန်းက ဂုဏ်ယူဝမ်းသာနေပေမယ့် မိုရက်တီရဲ့အစေအပါးတွေနဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကြောင့် မသိုးမသန့်ဖြစ်လာပါတယ်။ သူတို့အတူလာတဲ့လူတွေထဲကပါ တစ်ယောက်စနှစ်ယောက်စ ပျောက်သွားတဲ့အခါမှတော့ မိုရက်တီရဲ့ ရည်ရွယ်ချက်အစစ်က ဘာလဲ...ဒီတွေ့ဆုံပွဲနောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေရှိနေတာလဲဆိုတာ လက်တွေ့ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း