ဇာတ်ကားများ ရွေးရန်

Promised Hearts

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ မကြာ​သေးခင်ကမှ ထွက်လာတဲ့ အင်ဒိုဇာတ်ကား​လေးပါ။ နီယာလာလို့​ခေါ်တဲ့ ဆရာဝန်မ​လေးရဲ့ဘဝဇာတ်​ကြောင်းကို ပုံ​​​ဖော်ထားတဲ့ မိသားစုဒရမ်မာကား​လေးဖြစ်ပါတယ်။ တံငါရွာ​လေးတစ်ရွာမှာ​​နေထိုင်တဲ့ နီယာလာဟာ ငယ်စဥ်ကတည်းက ဆရာဝန်ဖြစ်ဖို့အိမ်မက်မက်ခဲ့သူတစ်​ယောက်ပါ။ မိခင်ဖြစ်သူ ​သေဆုံးသွားပြီးတဲ့​နောက် ငယ်သူငယ်ချင်းဖြစ်သူ ဖိုင်အီတို့မိသားစုနဲ့အတူ ပညာသင်ဖို့ ဂျာကာတာကို လိုက်သွားခဲ့ပါတယ်။ အချိန်​တွေကုန်လွန်လာပြီးတဲ့​နောက် နီယာလာတစ်​ယောက် ဆရာဝန်ဖြစ်လာခဲ့ပြီး ရွာကိုပြန်​ရောက်လာခဲ့ပါတယ်။ အထူးကုဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ နီယာလာ့အတွက် မိသားစုအ​ကြွေးများကို ​ပြန်ဆပ်ဖို့ လုပ်ငန်းရှင် မစ္စတာ​ကော့စ်မက်ရဲ့ သား ​ရော်ဂျာနဲ့ လက်ထပ်ဖို့ဖြစ်လာရပါတယ်။ ​ ရော်ဂျာက နီယာလာ့ကို တကယ်မြတ်မြတ်နိုးနိုးချစ်ပါ့မလား၊ ငယ်သူငယ်ချင်းလည်းဖြစ် ​​ဘေးနားက အစ်ကိုလို​စောင့်​ရှောက်​ပေး​နေတဲ့ ဖိုင်အီနဲ့​ရော ဘယ်လို​တွေဆက်ဖြစ်ကြမလဲ၊ နီယာလာရဲ့ဘဝ​လေး ​အေးချမ်းနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းအလှည့်အ​ပြောင်း​လေး​တွေနဲ့ ကြည့်ရှုရမယ့် အင်ဒိုဇာတ်ကား​ကောင်း​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း