Tune in for Love
ဒီကားလေးကတော့ IMDb 7.1အထိ ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ချာဟျွန်းအူဆိုတဲ့ကောင်လေးဟာ လူငယ်ထိန်းသိမ်းရေးစခန်းကနေထွက်လာပြီး မီဆူပေါင်မုန့်ဆိုင်ဆီဝင်ပြီး အဆိုးတွေပြေအောင် တို့ဟူးဖြစ်ဖြစ် ပဲဖြစ်ဖြစ် ဝယ်ဖို့ ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မီဆူတို့ဆီမှာမရှိတာမလို့ မျက်စောင်းထိုးဆိုင်လေးကိုပဲ ညွန်ပေးလိုက်ပါတယ်။ မီဆူတို့ဆိုင်မှာ မီဆူနဲ့ သူ့အမေရဲ့မွေးစားသမီး သူ့ရဲ့အစ်မတို့ ပေါင်မုန့်လုပ်ရောင်းကြတာပါ။ ဆိုင်မှာလူရှာနေတဲ့စာရွက်ကို ကပ်ထားတာမလို့ ဟျွန်းအူက ဝင်လုပ်မယ်ဆိုပြီး အလုပ်ဝင်ခဲ့ပါတယ်။ စစချင်း ပေါင်းသင်းရခက်ပေမဲ့ နောက်ပိုင်းမှာ ပြောရဆိုရအဆင်ပြေလာပြီး မီဆူနဲ့ ဟျွန်းအူတို့ သံယောဇဉ်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်ကျ ဟျွန်းအူရဲ့ သူငယ်ချင်းဟောင်းတွေက ဟျွန်းအူဆီရောက်လာပြီး ဆိုင်မှာ အော်ကျယ်အော်ကျယ်နဲ့ သောင်းကျန်းကြပါတယ်။ ဟျွန်းအူကတော့ ဘာမှသိပ်မပြောဆိုနိုင်ဘဲ သူ့သူငယ်ချင်းဆိုတဲ့သူတွေက သူ့ရဲ့နိုင်ကွက်တစ်ခုခုကို ကိုင်ထားသလို ဖြစ်နေခဲ့ပါတယ်။ ဟျွန်းအူဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ? သူထောင်ကျခဲ့ရတဲ့အကြောင်းအရင်းတွေကို မီဆူတို့သိသွားချိန် ဘာတွေဆက်ကြုံလာရမလဲဆိုတာ... ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း