Hide and Seek or Petak Umpet
ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးရှားဒဏ္ဍာရီလာ ဝီဝီဂွန်ဘယ်ဆိုတဲ့ ကလေးဖမ်းစားတတ်တဲ့နတ်ဆိုးကို အခြေခံပြီးရိုက်ကူးထားတဲ့ ဟော်ရာကားလေးဖြစ်ပါတယ်။ ဝီဝီဂွန်ဘယ်ဆိုတာ နေဝင်ချိန်အပြင်ဘက်မှာ ကစားနေတဲ့ကလေးတွေ ဖမ်းခေါ်သွားတတ်တယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်တွေရှိပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သားသမီးနှစ်ယောက်နဲ့ရုန်းကန်နေရတဲ့မိသားစုတစ်စုကို ပုံဖော်ထားပါတယ်။ ရာမန်နဲ့ဆာရီဆိုပြီး သားသမီးနှစ်ယောက်ရှိပေမယ့် အိမ်ထောင်ဦးစီးတာဝန်ကို ယူထားရတဲ့ရာမန်တို့မိခင်ဟာ သားသမီးနှစ်ယောက်ကို နွေးနွေးထွေးထွေးမဆက်ဆံပေးနိုင်ခဲ့ပါဘူး။ ရာမန်က ကောလိပ်ကျောင်းသားအရွယ်ဖြစ်ပြီး ဆာရီကတော့ မူလတန်းကျောင်းသူဖြစ်ပါတယ်။ တစ်နေ့မှာ ဆာရီတို့သူငယ်ချင်းတစ်စု တူတူပုန်းတမ်းကစားရင်းကနေ ဆာရီတစ်ယောက်ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆာရီ့ကို လိုက်ရှာဖို့ ရာမန်တို့သူငယ်ချင်းတွေကြိုးစားကြပုံ၊ ဆာရီပျောက်ဆုံးသွားတယ်လို့ ယူဆရတဲ့ သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီးထဲမှာ လိုက်ရှာကြပုံနဲ့ ဝီဝီဂွန်ဘယ်နတ်ဆိုးနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ဆာရီ့ကို ဘေးကင်းကင်းနဲ့ရှာတွေ့နိုင်ပါမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း