ဇာတ်ကားများ ရွေးရန်

Murmur

2025ဇာတ်ကားWeb-dl 1080p

ကာသော်လို့နာမည်ရတဲ့ ရှေးဟောင်းရွာလေးနဲ့ အဲဒီရွာအနားက တောကြီးထဲမှာရှိတဲ့ ရေကန်တစ်ကန်၊ ရေကန်ထဲကို လပြည့်ညတိုင်း စုန်းမခုနှစ်ယောက်က ရေလာချိုးကြတယ်ဆိုတဲ့ ဒဏ္ဍာရီလာ ဇာတ်လမ်းပုံပြင်ကို လက်တွေ့မှာ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် မာဗင်တို့ အဖွဲ့ကသွားရောက်ခဲ့ကြပါတယ်။ တောထဲကို မရောက်ခင် ကာသော်ရွာမှာတင် ဒေသခံတွေကို မေးမြန်းကြည့်တော့ ဒီတောထဲကို ဝင်သွားတဲ့သူမှန်သမျှ အသက်ပြန်ရှက်လျှက်ထွက်မလာနိုင်တဲ့အတွက် မသွားဖို့ရာတားခဲ့ကြပါတယ်။ အဲဒါအပြင် ကာသော်ရွာလေးမှာလည်း စုန်းမနဲ့ပတ်သက်ပြီး ယုံတမ်းပုံပြင်တွေ ရှိနေတဲ့ကိုယ်တွေ့အဖြစ်အပျက်တွေ ရှိနေတာကိုသိခဲ့ရပါတယ်။ မာဗင်တို့သူငယ်ချင်းလေးယောက်က ‌တောထဲကိုဝင်သွားပြီး စုန်းမတွေရေချိုးတာကို လက်တွေ့ရိုက်ကူးမှုလုပ်နိုင်ခဲ့သလား။ ဘယ်သူတွေကတောထဲကနေ အသက်ရှင်လျှက်ပြန်ထွက်လာနိုင်မလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည်ရှုရမယ့် ထိတ်လန့်ကြောက်ရွံစရာအပြည့်နဲ့ အိန္ဒိယသရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း