Magazine Dreams
IMDb 6.9 နဲ့ Rotten Tomatoes 80% ရထားတဲ့ ဒရမ်မာကားကောင်းတစ်ခုတင်ဆက်ပေးချင်ပါတယ်။ အဓိကဇာတ်ဆောင် မင်းသားကတော့ မာဗယ်ရဲ့ Kang the Conqueror အဖြစ်သရုပ်ဆောင်ဖူးသူ Jonathan Majors ပါ။ ကီလီယန်က ကာယဗလလေ့ကျင့်တာနဲ့ပတ်သက်လို့ အတော်လေးရူးသွပ်တဲ့လူဖြစ်ပြီး မစ္စတာအိုလံပီယာဆိုတဲ့ ချန်ပီယံဆုကို ရဖို့အတွက် အချိန်နဲ့အမျှ ကြိုးစားနေရှာသူပါ။ ကြွက်သားတွေအတွက် စတီးရွိုက်တွေထိုး၊ မတော်တဆမှုဖြစ်လာတော့ ဆရာဝန်တွေက သူ့ကို ခွဲစိတ်ရမယ်ဆိုတာကိုတောင် ကာယဗလမောင်တစ်ယောက်မှာ အမာရွတ်မရှိရဘူးဆိုတဲ့ အချက်နဲ့ ခွဲစိတ်မှုကို မခံယူတဲ့အထိ ရူးသွပ်တဲ့သူပေါ့။ အဲ့လိုမျိုးမခွဲစိတ်ဖို့ကို ဆုံးဖြတ်တတ်ပေမယ့် ကိုယ့်ဘက်က အေးဆေးနေလားဆိုတော့လည်း ထစ်ခနဲဆို တုတ်ဆွဲဓားဆွဲနဲ့ပါရယ်။ ကာယဗလမောင်တစ်ယောက်ရဲ့ လေ့ကျင့်မှုတွေ အများကြီးထည့်သွင်းပြထားတာမျိုး မဟုတ်ဘဲ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အဓိကမီးမောင်းထိုးရိုက်ပြထားတာ ဖြစ်တယ်။ ဒီတော့ ကီလီယန်တစ်ယောက် သူ့အိပ်မက်ဖြစ်တဲ့ ချန်ပီယံဆုရ မဂ္ဂဇင်းကာဗာ ကာယဗလမောင်တစ်ယောက် ဖြစ်လာမလားဆိုတာကိုတော့....။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း