ဇာတ်ကားများ ရွေးရန်

G20

2025ဇာတ်ကားWeb-dl 4K SDR

မင်းပေါင်းစုံညီတဲ့ G20 ညီလာခံမှာ အကြမ်းဖက်သမားတွေ ဝင်စီးတာကို အမေရိကန်သမ္မတက စွန့်စွန့်စားစားကယ်တဲ့ Action, Thriller အမျိုးအစား စိတ်ဝင်စားဖွယ်ရုပ်ရှင်ဖြစ်ပါတယ်။ လူမည်းအမျိုးသမီး သမ္မတဒယ်နီရယ်ဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံ 20နဲ့ G20 ညီလာခံမှာ တောင်အာဖရိကက လယ်သမားတွေအကျိုးပြု ငွေကြေးစနစ်အသစ် အဆိုပြုဖို့ အပတ်တကုပ်ကြိုးစားနေပါတယ်။ သူ့မှာ သားနဲ့သမီးရှိပြီး 18နှစ်ပြည့်တော့မယ့် သမီးဖြစ်သူ ဆရီနာဟာ အမေဖြစ်သူကို ချုပ်ချယ်လွန်းတယ်ထင်ပြီး အိမ်တော်ကနေ အမြဲခိုးထွက်လေ့ရှိပါတယ်။ နည်းပညာပိုင်းလည်း ကျွမ်းကျင်တာကြောင့် အမြဲတစ်ပန်းသာပြီး ပြည်သူလူထုအမြင်မှာ သမ္မတကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ မကြာခင် G20ညီလာခံလုပ်တဲ့အချိန် ကိုယ်ကျိုးရှာတဲ့ အကြမ်းဖက်အုပ်စု ဝင်စီးပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ဓားစာခံလုပ်ထားတဲ့အချိန် ဒယ်နီရယ်က အစွမ်းပြပြီး မိသားစုနဲ့ ခေါင်းဆောင်တွေကို ကယ်တင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း