Chhaava
Rating 7.6/10 အထိရရှိထားတဲ့ အိန္ဒိယသမိုင်းကြောင်းနောက်ခံ ရာဇဝင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့အစိတ်စိတ်အမွှာမွှာနယ်မြေများကွဲနေစဉ် အချိန်ကာလ ၁၆ ရာစုခန့်က ဟိန္ဒူမျိုးနွယ်တွေရဲ့တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်လာတဲ့ မဂိုနွယ်ဝင်တွေနဲ့ ၎င်းတို့ကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့တဲ့ ဘုရင်ရှန်ဘူတို့အကြောင်းကို စိတ်ဝင်စားစရာ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဘုရင်ရှီဗာဂျီနတ်ရွာစံပြီးနောက် သားဖြစ်သူရှန်ဘူက နန်းတက်လာပြီးဟိန္ဒူတို့ရဲ့နယ်မြေများကို ဘယ်လိုကာကွယ်သွားမလဲ။ မဂိုလူမျိုးများရဲ့ ဘုရင် အာရမ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများနဲ့ ဟိန္ဒူပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက်မှုများစတာတွေကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ခမ်းနားကြီးကျယ်စွာဖြင့် သမိုင်းကို အပြည့်အဝပုံဖော်ထားတဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ပြိုကွဲသွားတဲ့ဘာသာတရားလူမျိုးရေးများအကြောင်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း